Wednesday, September 13, 2017

ဒေါ်အောင်ဆန်းစုကြည်အား လက်ချာ ပေးခြင်း မိမိ လက်မခံ ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင် ပြောပြီ

ဒေါ်အောင်ဆန်းစုကြည်အား လက်ချာ ပေးခြင်း မိမိ လက်မခံ ဟု အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင် ပြောပြီ
===================================================
အမေရိကန် ဆီးနိတ် ရှိ ရီပါတ်ဘလီကင် ပါတီ ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနယ် မှ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှတ်ထားသည့် မည်သည့် အဆိုပြုချက်ကိုမှ ထောက်ခံမည် မဟုတ်ဟု မနေ့ က အပါတ်စဉ် သတင်းစာ ရှင်းလင်းပွဲမှာ ပြတ်ပြတ်သားသား ပြောလိုက်ပြီ ဖြစ်ပါတယ်။
“သူမ ကို ဦးတည်နေတဲ့ မည်သည့် ဆုံးဖြတ်ချက်မျိုးကိုမျှ ကျွန်တော်အနေနဲ့ မလိုလားပါဖူး၊ လက်ရှိ ရှိနေတဲ့ စစ်အာဏာရှင် စနစ်မှ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ အနေအထား ရောက်အောင် ဦးဆောင်သွား နိုင်တဲ့ သူမ တဦးတည်းအပေါ်ကိုသာ ကျွန်တော်တို့ အားလုံးရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ပုံအော် ထားနေလို့ပါပဲ”
ဆီးနိတ် ရဲ့ အမေရိကန် လက်နက်ကိုင်တပ်များ ရေးရာ ကော်မီတီ ဥက္ကဌ ရီပါတ်ဘလီကင် အမတ် ဂျွန် မက်ကိန်း နှင့် ဒီမိုကရက်အမတ် ရစ်ချတ် ဒါဗင် တို့ ပူးတွဲပြီး အကြမ်းဖက် မှု အား ရှုတ်ချကြောင်း နှင့် ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှ တခုခု ဆောင်ရွက်ပေးရန် တိုက်တွန်းသည့် အဆိုကို တင်သွင်းခဲ့မှု ကို ရည်ညွှန်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
“ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ အခုလို လုပ်တာက သူမတဦးတည်းကို ရွေးထုတ်ပြီး လက်ချာရိုက်တာမျိုးလို့ ထင်ပါတယ်။ အင်မတန် မှ များပြားလှတဲ့ စိမ်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ သူမကို ကူညီရာ မရောက်တာကြောင့် ကျွန်တော်အနေနဲ့ ဒီကိစ္စမှာ ၀င်ပါဖို့ မရည်ရွယ်ပါဖူး” လို့ ထပ်မံ ပြောကြားခဲ့ပြန်ပါတယ်။
 မက်ကိန်း က ယခုအခါ ကွန်ဂရက်မှ ဆွေးနွေးနေကြပြီ ဖြစ်တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် မူဝါဒ ချမှတ်ရေး တွင် မြန်မာ စစ်တပ် နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ကို ဆီးနိတ် ရောက်လာတဲ့ အခါ ဖယ်ရှားဖို့ ကြံရွယ်နေပါတယ်။
မစ်ခ်ျ မက်ကွန်းနယ် သည် နှယ်နှယ်ရရတော့မဟုတ်၊ အမေရိကန် ၏ ဥပဒေပြု ရေး အပိုင်းတွင် သြဇာ အာဏာ အကြီးမားဆုံး ဖြစ်ပြီး မကြာမီက မှ ဒေါ်နယ် ထရန့်ကို စိတ်မချ၍ ရုရှားအား စီးပွားရေး ပိတ်ဆို့ကြောင်း ဥပဒေကို သူက ဦးဆောင်ပြီး အတည်ပြုပြဌာန်းခဲ့ပါတယ်။ ထို ဥပဒေ ကို သမ္မတ ရဲ့ ဗီတို အာဏာ နဲ့ ကျော်လွှား မသွားနိုင်အောင်ပါ အရံအတား တွေ ထည့်သွင်းခဲ့ပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ အမြဲတမ်း ရပ်တည်ပေးခဲ့သူ မိတ်ဆွေဟောင်းကြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နောက်အပါတ် စက်တင်ဘာ ၁၉ တွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး အတွက် ရုပ်မြင်သံကြားမှ တနိုင်ငံလုံး ကို မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းမှာ ရခိုင် အရေးလည်း ထည့်သွင်း ပြောမယ်လို့ မျှော်လင့်ရပါတယ်။
မိမိနိုင်ငံရှိ တပ်မတော်မှ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါး နှောက်ယှက်လာသူ အကြမ်းဖက်သမား များကို နှိမ်နှင်းရေး အတွက် စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည်ကို ဒေါ်အောင်ဆန်းစုကြည်မှ လူ့အခွင့်အရေး လိုက်နာရေး အတွက် လူသိရှင်ကြား ရှုတ်ချကာ ရပ်ဆိုင်းခိုင်းရမည် ဟု အတင်းအကျပ် တောင်းဆိုလာနေသော အနောက်နိုင်ငံ ရှိ လစ်ဘရယ် သမား များ ကိုတော့ အံ့သြမိပါတယ်။
၎င်းတို့ အနေဖြင့် feel good သဘောမျိုး ပြောလိုက်ရ ပြီးရော ပြောဆိုနေခြင်း သာ ဖြစ်ပါတယ်။
ဒီနေရာမှာ ၎င်းတို့ သိအောင် ပြောလိုသည်က ဒေါ်အောင်ဆန်းစုကြည်သာ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဖို့ နောက်ကွယ်က ဖိအား သာ မရှိပါက ယခု ဘင်္ဂလားဖက်သို့ ထွက်ပြေးသွားကြသော ၃၇၀,၀၀၀ သော လူများသည် အသက်ပါ လာဖွယ် မရှိတော့ပေ။
ယခုလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကုလသမဂ္ဂ ညီလာခံ တက်မည် ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျွန်တော် အနေဖြင့် မည်သို့မျှ သွားလိမ့်မည် မဟုတ်ဟု ယုံကြည် ထား၍ တလုံးတပါဒမျှ မရည်ညွှန်း ခဲ့ခြင်း ဖြစ်ပါတယ်။
သူမ အနေဖြင့် တိုင်းပြည်အတွင်း ထကြွလာကြမည့် တောကြောင်များ အန္တရာယ် နှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း ဆိုင်ရာ အကူအညီပေးရေးဆိုကာ ၀င်မည်တကဲကဲ ဖြစ်နေကြသော အဖွဲ့များ နှင့် ကြပ်ကြပ်မတ်မတ် လုပ်ပေးရမည့် လုံခြုံရေး ဆိုင်ရာ ကိစ္စများကို မျက်နှာလွဲ ခဲပြစ် လုပ်၍ မဖြစ်မှန်း သိနေသောကြောင့်ပင်။
ယခုပင် အီရန် မှ ရခိုင်ပြည်နယ်အတွင်း မူဆလင်များ အား သတ်ဖြတ်နေမှု နောက်ကွယ်တွင် အမေရိကန်၊ ဇီယွန်ဝါဒီ များ နှင့် အနောက်နိုင်ငံ များ ပါဝင်ပါတ်သက်နေကြောင်း စွပ်စွဲလိုက်ပြီး ၎င်းတို့မှ အစ္စလာမ် ၀ါဒ ပျံ့နှံ့လာမည့်အရေးအား ဟန့်တားလိုနေကြောင်း ပြောဆိုခဲ့တဲ့ အပြင် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရေး ကြိုးပမ်းနေပါတယ်။
ဒီနေ့ အီသီယိုပီယား သံအမတ်ကြီးမှ ဦးဆောင် ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးက လုံခြုံရေး တပ်ဖွဲ့များရဲ့ အင်အား အလွန်အကျွံ သုံးမှုကို စိုးရိမ်မကင်း ဖြစ်ရကြောင်း နဲ့ အကြမ်းဖက်မှုများ ရပ်ဆိုင်းဖို့ ဆောင်းဆိုတဲ့ ကြေငြာချက်ကို အဖွဲ့ဝင်နိုင်ငံများ တံခါးပိတ် ဆွေးနွေးပြီး ထုတ်ပြန်ခဲ့ပါတယ်။
ယခုအရေးတွင် မည်သို့ပင် ဖြစ်စေ တရုတ်ကိုတော့ ချီးကြူးရမှာ ဖြစ်ပါတယ်။ မူဆလင် နိုင်ငံပေါင်းများစွာတွင် ဒေါ်လာ ဘီလီယံ နှင့် ချီသော ရင်းနှီးမြုပ်နှံမှုများ ရှိနေသည်ကို ဂရုမထားပဲ မြန်မာနိုင်ငံအား ပြတ်ပြတ်သားသား ထောက်ခံခဲ့တဲ့ အတွက် ဖြစ်ပါတယ်။

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...