မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက်
၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှုဖြစ်ပွားခဲ့ပါတယ် အဲဒီအချိန်ကမြန်မာရေတပ်ဟာအရေအတွက်အရကော စွမ်းရေအရပါ ဘင်္ဂလား ထက်နိမ့်ကျနေခဲ့ပါတယ်
ဒါကြောင့် အငြင်းပွားရေပြင်ကိုဝင်လာတဲ့ ဘင်္ဂလား ရဲ့ ဖရီးဂိတ်စစ်ရေယာဉ်တွေကိုမြန်မာရေတပ်က အရွယ်အစားသေးငယ်တဲ့ ဒုံးပျံတင် စစ်ရေယာဉ်လေးတွေနဲ့သာတုံ့ပြန်ရင်ဆိုင်ခဲ့ရပါတယ်
ရေပိုင်နက် အငြင်းပွားမှုကို ITLOS ကဖြေရှင်းပေးခဲ့ပါတယ်
ဒါပေမဲ့ဘရေတပ်အင်အားပြခဲ့တဲ့
ဘင်္ဂလားဒေ့ရှ်ရဲ့လုပ်ရပ်ဟာမြန်မာတွေအတွက်တော့ ရင်ထဲကိုဆူးတစ်ချောင်းနစ်ဝင်ခဲ့သလိုဖြစ်ခဲ့ပါတယ်
ဒီအချိန်ကစလို့မြန်မာ့ရေတပ်ကိုပြုပြင်ပြောင်းလဲရေးတွေခြေလှမ်းကျဲ
စွာပြုလုပ်ခဲ့ပါတယ် ပြည်တွင်းမှာ ဖရီးဂိတ်စစ်သင်္ဘောတွေစတင်တည်ဆောက်ခဲ့ပြီး ဒီဖရီးဂိတ်တွေ အသင့်မဖြစ်ခင်စပ်ကြား stop. gap အနေနဲ့ Type 053 H1 ဖရီးဂိတ် ၂ စီး တရုတ်နိုင်ငံကဝယ်ယူခဲ့ပါတယ် ဒီ ဖရီးဂိတ် ကို F22. UMS မဟာဗန္ဓုလ နဲ့ F23 မဟာသီဟသူရ. ဆိုပြီး အမည်ပေးခဲ့ပါ
တယ် ထူခြားတာက ဒီစစ်သူကြီး ၂ ဦးဟာ ဘင်္ဂလားနယ်စပ်က ပန်းဝါ တိုက်ပွဲ
မှာအောင်ပွဲဆင်ခဲ့ပြီး ဘင်္ဂလားတစ်နယ်လုံး ဖိန့်ဖိန့် တုန်စေခဲ့တဲ့ စစ်သူကြီး ၂ ဦး ဖြစ်ပါတယ်
F11 အောင်ဇေယျ ကတော့ပြည်တွင်းမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပါတယ်
နိုင်ငံတကာကတောင် မြန်မာရေတပ်အင်ဂျင်နီယာတွေ တည်ဆောက်တာကိုမယုံခဲ့
ဘဲတရုတ်အကူအညီနဲ့ တည်ဆောက်ခဲ့တယ်လို ထင်မြင်ခဲ့ပါတယ်
ဒုတိယမြောက်စစ်ရေယာဉ် F12 UMS. ကျန်စစ်သားကတော့ မြန်မာရေတပ်အင်ဂျင်နီယာတွေရဲ့အရည်အသွေးကိုကောင်းစွာဖေါ်ထုတ်ပြလိုက်တာပါ အောင်ဇေယျ ရဲ့အားနည်းချက်တွေကိုပြင်ဆင်ထားရုံမျှမက သင်္ဘောကို
stealth. ရေဒါပျောက် ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်
တတိယမြောက် F14 ဆင်ဖြူရှင်ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်
electronic. နဲ့. sensors တွေမှာ ဆင်ဖြူရှင်က ကျန်စစ်သားထက်ပိုသာနိုင်ပါတယ် ယခုလက်ရှိ မြန်မာ့ရေတပ်ဟာ
စံချိန်မှီ ဖရီးဂိတ်စစ်ရေယာဉ် ၅ စီးကို
အသုံးပြုနေပါပြီ ထပ်မံပြီးတည်ဆောက်ဖို့လည်း ရှိနေပါတယ် ကော်ဗက် စစ်ရေယာဉ် 771. 772. 773. ၃စီးလည်းလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်
ဘင်္ဂလားဒေ့ရှ် ရေတပ်ကတော့ ဖရီးဂိတ် ၇ စီး အသုံးပြုနေပါတယ် အရေအတွက် ၇ စီးဆိုပေမဲ့ တကယ်သုံးလို့ရမဲ့ဖရီးဂိတ်ဟာ ၄ စီးထက်မပိုပါဘူး ဘင်္ဂလား ဒေ့ရှ်
ရဲ့. ခေတ်အမှီဆုံးဆိုတဲ့ F25 BNS Bangabandhu. ဆိုတဲ့ဖရီးဂိတ်ရဲ့သက်တမ်းဟာ ၁၄ နှစ်ရှိပါပြီ F18BNS Osman. F15 BNS Abu Bakar. F17 BNS Ali Haider တို့ဟာ တရုတ်မှာ ၁၉၈၆. ၈၇ ကထုတ်ခဲ့ပြီးအခုဆို
သက်တမ်း နှစ် ၃၀ ခန့်ရှိနေပါပြီ F28 BNS Somudra Joy နဲ့. F29 Somudra Avijan တို့က ဖရီးဂိတ်မဟုတ်ပါဘူး အမေရိကန်ကမ်းခြေစောင့်တပ်က ဖျက်သိမ်းလိုက်တဲ့ Hamilton. Class. ကင်းလှည့် သင်္ဘော cutter တွေဖြစ်ပါတယ် ဒီသင်္ဘော ၂စီးရဲ့သက်တမ်းကဘ. ၄၇နှစ်နဲ့. ၄၄နှစ်ရှိနေပါပြီ
ဘင်္ဂလား ဒေ့ရှ် ရေတပ်က ၁၁၅ မီတာရှည်တဲ့ သင်္ဘောတွေမို့ ဖရီးဂိတ်အဖြစ် သတ်မှတ်ခဲ့တာပါ
F16 BNS Umar Farooq ကတော့
၁၉၅၈ ခုနှစ် ဗြိတိန်မှာ စတင်အသုံးပြုခဲ့
တဲ့ salisbury. Class ဖရီးဂိတ်ဖြစ်ပါတယ် AshM မပေါ်ခင်ကတည်းကရှိနေတဲ့သင်္ဘောမို့လို့ ဘာဒုံးပျံမှတပ်မထား
ဘူး ဘင်္ဂလားကို ၁၉၇၈ ခုနှစ်ကတည်းကရောက်နေတာပါ သက်တမ်း ၅၇ နှစ်ရှိနေတဲ့ ဒီဖရီးဂိတ် ဟာလည်းခေတ်မှီ electronic မပါဘဲ ခေတ်နောက်ကျနေတဲ့ ဖရီးဂိတ်ဖြစ်ပါတယ်
ဘင်္ဂလားဒေ့ရှ် ဖရီးဂိတ်တွေကို သုံးသပ်ရရင် AshM တပ်ထားတဲ့ ဖရီးဂိတ်ဟာ ၄ စီးဘဲရှိပါတယ် SAM ပါတဲ့ ဖရီးဂိတ်ဟာ ၁ စီးဘဲရှိပါတယ် ဒီ အစီးကလည်း short. rang ပဲဖြစ်ပါတယ် ဖရီးဂိတ် ၇ စီးမှာ အသစ်လွင်ဆုံးက. ၁၄ နှစ် သက်တမ်း နှစ် ၃၀ က ၃ စီး သက်တမ်း နှစ် ၄၀ က ၂စီး သက်တမ်း နှစ် ၅၀ အထက် ၁ စီး ရှိပါတယ်
နှိုင်ယှဉ်ချက်
FFG Class. ဝင်တာ မြန်မာ ၅ စီး
ဘင်္ဂလား ၄ စီး
SAM. တပ်ဆင်မှုနဲ့ ကြည့်ရင် ဘင်္ဂလားလေတပ်မှာ air. to. surface. AshM
မရှိတဲ့အတွက် SAM အားနည်းတဲ့ မြန်မာရေတပ်အပေါ်သက်ရောက်မှု ကြီးမားစွာမရှိပါဘူး မြန်မာရေတပ်မှာ
SAM. ပါတဲ့ ဖရီးဂိတ် ၃ စီး ရှိပါတယ်
unguided. munition. တွေနဲ့ တိုက်လာမဲ့ ရန်သူလေယာဉ်တွေကို ထိရောက်စွာကာကွယ်နိုင်ပါတယ် ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ SAM ပါတဲ့ ဖရီးဂိတ် ၁ စီးဘဲရှိလို့ လေတပ်အင်အားသာလွန်တဲ့
ုမြန်မာဘက်ကတိုက်လေယာဉ်တွေဟာ
SAM မပါတဲ့ ဖရီးဂိတ်တွေကိုလိုအပ်လာလျှင် unguided. munition. တိုက်နိုင်ပါတယ် ဘင်္ဂလားဒေ့ရှ် က ဝယ်ထားတဲ့ ရေငုပ်သင်္ဘော ၂ စီးဟာလည်း
တရုတ်ထုတ် mind. class. အမျိုးအစား ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ သက်တမ်း ကုန်မဲ့ ရေငုပ်သင်္ဘော ၂ စီးကို
တရုတ်က အရစ်ကျနဲ့ရောင်းထားတာပါ
မြန်မာအနေနဲ့. အရည်အသွေးနိမ့်ပြီးသက်တမ်းသိပ်မကျန်တဲ့ mind. class တွေကို စိတ်ဝင်စားပုံမရှိပါဘူး ရုရှားထုတ် ကီလို အတန်အစားတွေကို
မျက်စိကျနေတယ်လို့ သုံးသပ်မိပါတယ်
မကြာခင်မှာ ရေငုပ်တွေ ပိုင်ဆိုင်တော့မှာပါ အခု လက်ရှိတောင် ရှိ မရှိအတပ်မပြောနိုင်ပါဘူး
မြန်မာ ရေတပ်ဟာ စစ်သင်္ဘော
မျိုးစုံ ၁၅၅ စင်းနဲ့ ကမ္ဘာ့အဆင့် ၁၅ မှာရပ်တည်နေကြောင်း ဂုဏ်ယူစွာနဲ့ရေးသားလိုက်ရပါတယ်
ရှားလော့ဟုမ်း
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment