Wednesday, September 13, 2017

အံဖွယ် သုတ
အံဖွယ် ဥပဒေ
အံဖွယ် VIP လူကြီးများ နှင့်
  ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ
*****************************************
ဓါးပြမှုမမြောက်ဘူးတဲ့ ။ ဓါးပြအဖွဲ့က လူသေလို့တဲ့ ။
ပိုက်ဆံလက်ထဲမရောက်လို့တဲ့ ။  ကဲ    ပြောတော့ ထူးဆန်းအံ့သြဖွယ်ရာ...

၇ ယောက် ၁ ယောက် ဓားပြလာတိုက်ရင်
ပြန်မခုခံနဲ့...ကိုယ့်ကိုသတ်သွားရင် အသေခံလိုက်...
ကိုယ်က ခုခံလို့ သတ်မိရင်တော့ ၃၀၂ :)
KBC ​လေး​တွေ သနားပါတယ်
....................................................................

ဗန်းမော်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက ဒုက္ခသည်
စခန်းတစ်ခုမှ ၄ တန်း၊၈ တန်း ၊ ၉တန်း ၊ ၁၀ တန်း
အရွယ်ကျောင်းသား ၇ ယောက်ဟာ စုံတွဲတစ်တွဲထံမှာ
အုပ်စုဖွဲ့ ပိုက်ဆံတောင်းမှု ပြုရာကနေ ဓါးနဲ့ပြန်လည်
ခုတ်ခံရပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ည ပိုင်းက ဗန်းမော်မြို့နယ်
ဂေါ်ရာကန်ဆိုတဲ့ အရပ်မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ
စုံတွဲထဲက ကောင်လေးဖြစ်သူရဲ့ဓါးနဲ့ခုတ်မှုကြောင့်
အုပ်စုဖွဲ့ပိုက်ဆံတောင်းသူထဲက ၉ တန်းကျောင်းသား
ဇော်ဒိန် ဆိုသူ သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အုပ်စုဖွဲ့ပြီး ပိုက်ဆံတောင်းတဲ့အဖွဲ့က
ကျန်ရစ်သူ လူငယ် ၆ ဦးဖြစ်တဲ့
အသက် ၁၃ နှစ်အရွယ် တူးနန်၊
အသက် ၁၅ နှစ်အရွယ် ဇော်လအောင်၊
အသက် ၁၄ နှစ်အရွယ် ဇိုင်းနော်အောင်
အသက် ၁၅ နှစ်အရွယ် မိုင်ဂျာအောင်၊
အသက် ၁၄ နှစ်အရွယ် နော်အောင်နဲ့
အသက် ၁၅ နှစ်အရွယ် မျိုးဆန့်တို့ကို
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့
အာဏာပိုင်တွေက တွေ့ဆုံ ဆုံးမစကားပြောပြီး
ခံဝန်နဲ့ပြန်လည်လွှတ်ပေးလိုက်ပါတယ်။

ဗန်းမော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သိန်းက “ကလေးတွေက KBC က
ဖွင့်ထားတဲ့ camp က ကျောင်းသားလေးတွေ။
လူငယ်တွေချည်းပဲ။ ကျူရှင်သွားမယ်ဆိုပြီး
ထွက်ထွက်သွားပြီး အတွဲဆီက ပိုက်ဆံသွားတောင်းတာ။ သွားတောင်းတော့ ဟိုစုံတွဲမှာလည်း ကာကွယ်ဖို့
ဓါးပါခဲ့မယ်နဲ့တူတယ်။ ပြန်ခုတ်လိုက်တာ
သေသွားတယ်။ ညကြီးဆိုတော့ သူတို့ကိုယ်တိုင်လည်း
စုံတွဲကိုမမှတ်မိဘူး။ ဓါးနဲ့ခုတ်သူကို အခုထိတော့
မဖမ်းမိသေးဘူး။ ဒီတော့ သူတို့မှာ
တစ်ယောက်လည်းသေသေးတယ် အဖမ်းလည်း
ခံရသေးတယ်ဆိုတော့ မဖြစ်သေးဘူး။
ပိုက်ဆံလည်းမရလိုက်ဘူး။ အဲ့ဒါကြောင့်
ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အုပ်ထိန်းသူ၊
camp တာဝန်ခံတွေ နဲ့တွေ့ဆုံပြီး
နောက်တစ်ခါထပ်ဖြစ်ရင် အရေးယူမယ်။
ဒါကြောင့် ထပ်မဖြစ်အောင် စောင့်ရှောက်ပါ
ဆိုပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေး
လိုက်တာပါ ” လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှု
အပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဝန်ခံလက်မှတ်ရေးထိုးစေပြီး အုပ်ထိန်းသူထံ
ပြန်အပ်နှံပေးခဲ့တဲ့ပွဲကိုတော့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်း၊
သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူတွေ အုပ်ချုပ်ရေး
အဖွဲ့တာဝန်ရှိသူတွေ ၊ သက်ဆိုင်ရာမိဘတွေ ၊
camp တာဝန်ခံဦးတန်ဂွန်းတို့ တက်ရောက်
ခဲ့တယ်လို့သိရပါတယ်။

ဦးအောင်သိန်းက “အခုက နိုင်ငံတော်ရဲ့
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ KBC နဲ့က ငြိမ်းချမ်းရေး
ကိစ္စဆွေးနွေးနေတာတွေလည်းရှိတယ်။
ပြီးတော့ အခုဖြစ်စဉ်မှာလည်း လူငယ် ၇ ဦး
အုပ်စုဖွဲ့ပြီးလုပ်တာဆိုပေမယ့် သေတော့လည်း
သူတို့ဘက်က သေတယ်။ ပိုက်ဆံလည်း
မတောင်းဖြစ်လိုက်ဘူး။ ပိုက်ဆံလဲ သူတို့
လက်ထဲမရောက်ခဲ့ဘူး။ ဒီတော့ ဓါးပြမှုလည်း
မမြောက်တော့ဘူးဆိုတော့ တာဝန်ရှိသူတွေနဲ့
စုပေါင်းတိုင်ပင်ပြီး ပြသနာ မကြီးမားတော့အောင်
လုပ်လိုက်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဓါးနဲ့ခုတ်ပြီးထွက်ပြေးသွားတဲ့ သူကို
ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ပြီး ရှာဖွေ
ဖမ်းဆီးနေတယ်လို့လည်း ဗန်းမော်ရဲစခန်းကနေ
သိရပါတယ်။
Naing Oo

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...