အစွန်းရောက်အကြမ်းဖက်မှုအပေါ် မောင်တောမြို့နယ်ရှိ အစ္စလာမ် ဘာသာဝင်များ၏ သဘောထားအမြင်များ
သြဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အတွင်း မောင်တောမြို့ပေါ်တွင် လုံခြုံရေးကို တည်ငြိမ်စွာထိန်းချုပ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၆ ရက်က မောင်တောဒေသသို့ ရောက်ရှိလာသည့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောကြားသည်။
မောင်တောမြို့ပေါ်၌ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာတွင် အကြမ်းဖက်သမားများနှင့် ဆက်စပ်မှု မရှိဟု အာမခံချက် ပေးထားသော အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ကျေးရွာများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို အေးချမ်းစွာခံယူခဲ့ကြောင်း သိရသည်။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အ္တရာယ်ကို ကြောက်ရွံ့၍ မောင်တောမြို့ပေါ်တွင် လာရောက် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် များအား နေရာရှစ်နေရာခွဲ၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး အကြမ်းဖက်သမားများနှင့် ဆက်စပ်မှု မရှိကြောင်း အာမခံချက်ပေးနိုင်မည့် အစ္စလာမ်ဘာသာဝင်များကိုလည်း စခန်းများဖွင့်လှစ်၍ ကူညီပေး မည်ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က သတင်းမီဒီယာများကို ပြောကြား ထားသည်။
လက်ရှိအချိန်တွင် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ရွှေဇားကျေးရွာအုပ်စု၊ မောင်နီရွာနှင့် မြို့မကညင်တန်းရပ်ကွက်သည် ARSA အစွန်းရောက်အကြမ်းဖက်များ ဝင်ရောက်ခြင်းမရှိ၍ ထိခိုက် ပျက်စီးမှုမရှိဘဲ နေထိုင်လျက်ရှိနေသည်။
ပြည်တွင်းပြည်ပသတင်းမီဒီယာများသည် မောင်တော ဒေသသို့ စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ သွားရောက်ခဲ့ပြီး သွားရောက်ခဲ့စဉ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ သည်။
အစ္စလာမ်ဘာသာဝင်အချို့အား သတင်းအဖွဲ့၏ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ဦးမော်နီအာမတ် (အသက် ၅၄ နှစ်)
ရွှေဇားကျေးရွာအုပ်စု ကပ္ပကောင်းကျေးရွာတာဝန်ခံ
မေး ။ ။ အကြမ်းဖက်ဖြစ်စဉ်ထဲမှာ ဒီရွာက ပါဝင်မှုရှိပါ သလား။
ဖြေ ။ ။ မပါပါဘူး။ ၂ဝ၁၂ တုန်းကရော၊ ၂ဝ၁၆ အောက်တိုဘာတုန်းကပါ ရွှေဇားမှာ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ အရင်လတုန်းက အစွန်းရောက်အကြမ်းဖက်သမားတွေ ရောက်လာပြီး ကျွန်တော် တို့ဆီမှာ လူလေးယောက်အသတ်ခံရတယ်။ အခြားကျေးရွာ အုပ်စုတွေထဲ မှာလည်း အစွန်းရောက်အကြမ်းဖက်သမားတွေ ရှိတယ်။
အခြားရွာတွေက လာလုပ်တာပါ။ အစိုးရနဲ့ ပေါင်းလို့ဆိုပြီး အသတ်ခံရတာပါ။
မေး။ ။ သြဂုတ်၂၅ ရက်နေ့ ဖြစ်စဉ်ကနေ ဒီနေ့အထိ ရွှေဇား
ကပ္ပကောင်းရွာအုပ်စုရဲ့အခြေအနေကို ပြောပြပါ။
ဖြေ ။ ။ ဒီမှာ စဖြစ်တာက ၂၅ ရက်နေ့ကပါ။ မနက် ၂ နာရီ လောက် ဖြစ်မယ်။ သေနတ်ပစ်သံကြားတယ်။ ဘယ်နေရာကမှန်း မသိဘူး။ သေနတ်သံတွေ အများကြီးကြားရတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေက ကင်းစခန်းကို ဝင်တိုက်တယ် ကြားတယ်။ ဒီမှာက နယ်ခြားစောင့်ရဲကင်းစခန်းရှိတယ်။ ကျွန်တော်တို့ရွာက အခုထိတော့ တည်ငြိမ်အေးချမ်းဆဲပဲ။ ကျွန်တော်တို့ အခု အေးအေးဆေးဆေးသွားလို့ရတယ်။ မောင်တောမြို့ပေါ်ကိုတော့ သွားလို့မရသေး ဘူး။ သွားလို့ရ မယ်လို့တော့ သတင်းရတယ်။ ကျွန်တော်က ရွှေဇားမှာပဲ မွေးတာပါ။ လူဦးရေက ၁၅ဝဝဝ လောက်ရှိပါတယ်။ ဒီမှာ အရင်ကတည်းက ဘာမှမဖြစ်ခဲ့ပါဘူး။
မေး။ ။ စက်တင်ဘာ ၅ ရက်နေ့ညက ဒီဘက်မှာ မီးရှို့မှု ဖြစ်တယ်ကြားတယ်။ ဘယ်လိုကြောင့်ပါလဲ။
ဖြေ ။ ။ မနေ့က မီးလောင်တာက ဂုံညာရွာမှာပါ။ အိမ်ခြေ ၃၈ လုံး မီးလောင်ပါတယ်။ အဲဒီမှာလည်း အစွန်းရောက် အကြမ်းဖက်သမားရှိတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ အုပ်စုနဲ့ နည်းနည်းဝေးတယ်။ ကျွန်တော်တို့ ရွှေဇားကျေးရွာ အုပ်စုမှာ ရွာ ၁၂ ရွာရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတစ်ရွာ၊ ဟိန္ဒူဘာသာဝင်တွေ နေတဲ့ရွာတစ်ရွာ၊ အစ္စလာမ် ဘာသာဝင်တွေနေတဲ့ရွာက ၁ဝ ရွာ ရှိတယ်။ ၉ ရွာ က ဒေသ အာဏာပိုင်တွေနဲ့ သဘောတူညီမှု လုပ်ထားတယ်။ ဒါပေမယ့် ဂုံညာရွာက အဲဒီအထဲမှာ မပါဘူး။ အစွန်းရောက်အကြမ်းဖက် မရှိဘူးဆိုရင် ဆက်သွယ်ပါပြောထားတယ်။
မေး။ ။ အာဏာပိုင်အဖွဲ့နဲ့ ဘယ်လိုသဘောတူထားပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ရွာမှာ အစွန်းရောက်အကြမ်းဖက်သမား မရှိဘူး။ အဲဒါကို ကျွန်တော်တို့ ရွာတာဝန်ခံတွေက တာဝန်ယူ ထားတယ်။ ရွာမှာ အစွန်းရောက်အကြမ်းဖက်သမားမရှိဘူး။ ပြဿနာလည်းမရှိဘူး။ ပြဿနာမဖြစ်အောင်နဲ့ ဘာမှမဖြစ် အောင်နေဖို့ ထိန်းသိမ်းထားတယ်။ ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပြီး ၂၇ ရက်နေ့မှာ ကျွန်တော်တို့ ဒေသအာဏာပိုင်တွေနဲ့ ဆက်သွယ်တယ်။ ဒီမှာရှိတဲ့ နယ်ခြားစောင့်တပ်ကလည်း ကျွန်တော်တို့ကို အကာအကွယ်ပေးတယ်။ ဒီလိုလုပ်တာက ရွာကသူတွေအားလုံးနဲ့ သဘောတူပြီး အေးအေးချမ်းချမ်း နေချင်လို့ ဆောင်ရွက်တာပါ။ ရွာမှာ ဗလီ ၁၆ ခုရှိတယ်။ ဝတ်ပြုခွင့်လည်း ရပါတယ်။ ကျွန်တော်တို့ ရွှေဇားမှာ ဈေးလေး တစ်ခုရှိပါတယ်။ သွားလို့လာလို့ရပါတယ်။
ဦးရော်ရှီးအာမတ် (အသက် ၅၉ နှစ်)
ရွှေဇားကျေးရွာအုပ်စု၊ ဂုံနားရွာ
မေး ။ ။ လက်ရှိ ရွာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။အေးအေးဆေးဆေးပါ။ မနေ့ကတော့ ဂုံညာဆိုတဲ့ ရွာမှာ ဆူဆူပူပူဖြစ်ပြီး မီးရှို့တယ် လို့ကြားတယ်။ ဂုံညာက ရွှေဇား အပိုင်ပ
Wednesday, September 13, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment