Wednesday, September 13, 2017

စိုးတထိတ်ထိတ် စက်တင်ဘာ ၁၁
Wednesday, September 13, 2017

အမေရိကန် နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာမျှော်စင်ကို အကြမ်းဖက်တိုက်ခိုက်ခံရမှု စက်တင်ဘာ ၁၁ ရက်ရောက် တိုင်း ကမ္ဘာတစ်လွှားက မေ့ ဖျောက်ရန် ခက်ခဲနေကြဆဲဖြစ်သည်။

အယ်လ်ကိုင်ဒါအကြမ်းဖက် ခေါင်းဆောင် အိုစမာဘင်လာဒင် ၏ လက်ချက်သည် သူသေဆုံးပြီး သည့်တိုင် အမေရိကန်နှင့် မွတ် စလင်ကမ္ဘာကို သံသယများဖြင့် ချန်ရစ်ထားခဲ့သည်။

9/11 ဟု နာမည်ကြီးခဲ့သော အဆိုပါကိစ္စသည် ၁၆ နှစ်အကြာ တွင် မြန်မာနိုင်ငံ၌ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများဖြစ်စေရန် စက်တင်ဘာ ၁၁ ရက်ကို ရွေး ချယ်ကာ လူမှုကွန်ရက်ကတစ် ဆင့် သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။
ထို့ကြောင့် အကြမ်းဖက် သမားများက တိုက်ခိုက်တော့ မည်ဆိုသည့် ကောလာဟလက ရန်ကုန်မြို့ကြီးမှာပင် ဟိုတစ်စ၊ ဒီတစ်စနှင့် နေရာအစုံ သတင်းများထွက်ပေါ်လာခဲ့သည်။

စက်တင်ဘာ ၁၁ ရက်က မြို့ထဲလမ်းမများတွင် ကားများ ရှင်းလင်းနေပြီး ဈေးဆိုင်အချို့နှင့် အလုပ်တိုက်အချို့က တံခါးပိတ် ထားကြသည်။ မြို့မှာ ပုံမှန်လည် ပတ်နေသော်လည်း မကြာမီ ရန်ပွဲ များဖြစ်တော့မည်ဆိုသည့် ဘယ် ကလာမှန်းမသိသော သတင်း ကောလာဟလများက လူအများ ကြားတွင် ထဲထဲဝင်ဝင်ပျံ့နှံ့နေ သည်။

‘‘ရိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေက တစ်ချိန်လုံးကြား နေရတယ်။ မဖြစ်နိုင်ဘူးဆိုတာ မသိပေမယ့် စိုးရိမ်နေရတယ်’’ဟု လမ်းမတော်မြို့နယ်ရှိ ဖူဂျီဓာတ်ပုံ တိုက်မှ မဇင်မာလာမြင့်က ပြော သည်။ ထို့ကြောင့် သူက ဆွေမျိုး များထံ ဖုန်းဆက်၍ပင် ထိုနေ့တွင် သတိထားရန် အကြောင်းကြားခဲ့ သည်။
တစ်နိုင်ငံလုံးတွင် စက်တင် ဘာ ၁၁ ရက်၌ ဘာသာရေး၊ လူ မျိုးရေး အကြမ်းဖက်မှုများ ပြု လုပ်မည်ဆိုသည့် ကောလာဟလ က မြို့သူ၊ မြို့သားများကြားတွင် တောမီးလိုလောင်၍ ပျံ့နှံ့နေခဲ့ သည်။ စက်တင်ဘာ ၆ ရက်ခန့် ကစ၍ အဆိုပါ အခြေအမြစ်မရှိ သည့် ကောလာဟလများသည် လူမှုကွန်ရက်အကျိုးဖြင့် တစ် နိုင်ငံလုံးတွင် လျင်လျင်မြန်မြန် ပျံ့နှံ့ခဲ့သည်။ စက်တင်ဘာ ၁၁ ရက်အရောက်တွင် အဆိုပါ ကောလာဟလများကြောင့် လူထုက စိုးရိမ်ကြီးစွာ ဖြတ်သန်းခဲ့သည်။

‘‘ကိုယ့်နေရာမဖြစ်နိုင်ဘူး။ ယုံထားရင်တောင် တခြားဘယ် နေရာဖြစ်မလဲ စိုးရိမ်နေရတယ်။ ဆိုင်လည်း ပိတ်ထားတယ်။ ဒီလို နေ့မျိုး ဘာပြဿနာမှ မဖြစ်ချင် ပါဘူး’’ဟု တာမွေမြို့နယ်ရှိ ပန် ဆမ်းစားသောက်ဆိုင်မှ အစ္စလာမ်ဘာသာဝင် ကိုအေးလွင်က ပြော သည်။

ကိုအေးလွင်ကဲ့သို့ပင် မြို့ထဲ ရှိ ဆိုင်အချို့သည် တံခါးပိတ်၍ ထားသည်။ အချို့သည် ဘာ မဟုတ်သည့် ကိစ္စနှင့် ပြဿနာ မတက်လို၍ အပြင်မထွက်ကြဟု ကိုအေးလွင်က ဆက်လက်ပြော သည်။

စက်တင်ဘာ ၁၁ ရက်တွင် မြို့နယ်အချို့ရှိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူအများ စု မတက်ရောက်ကြ။ မိဘများ က ကလေးများကို ကျောင်း မလွှတ်ကြဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းမှ ဆရာမဒေါ်အေး အေးလွင်က ပြောသည်။ အချို့ ကျောင်းများသည် ကလေးများ ကျောင်းမလာကြရန် ညွှန်ကြား ထားခြင်းမျိုးလည်း ရှိသည်။
ရပ်ကွက်များတွင် ဟိုဟိုဒီဒီ သတင်းများက ပျံ့နှံ့၍ ဟိုနေရာ တွင် ရန်ဖြစ်ပြီဟူသော ကောလာ ဟလအချို့ ကြားနေရကြောင်း ဒေါ်အေးအေးလွင်က ပြောသည်။

ထိုကောလာဟလများက မြန်မာပြည်အနောက်ဘက် မောင်တောဒေသတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အခြေခံ၍ ဖြစ်လာခဲ့သည်။ အဆိုပါ ဒေသ တွင် ARSA အကြမ်းဖက်သမား များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းနေစဉ် အကြမ်း ဖက်သမားများက မြို့ကြီးအချို့ တွင် အကြမ်းဖက်တိုက်ခိုက်လာ နိုင်ကြောင်း ပြည်သူများ သတိ ထားရန် တပ်မတော်နှင့် အစိုးရက သတင်းထုတ်ပြန်ပြီးနောက် စက် တင်ဘာ ၆ ရက်ကစ၍ လူမျိုးရေး ဘာသာရေးပြဿနာများ စက် တင်ဘာ ၁၁ ရက်တွင် တက်မည် ဟု ကောလာဟလများကို မသမာ သူများက ဖေ့စ်ဘွတ်ခ်မက်ဆင် ဂျာကတစ်ဆင့် ဖြန့်ချိခဲ့သည်။

အဆိုပါ ကောလာဟလများ ကြောင့်ပင် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုကို မြင့်တက်စေခဲ့ သည်။

‘‘အွန်လိုင်းမှာ တက်ကြည့် ရင် ဘယ်နေရာမှာတော့ ကုလား တွေနဲ့ ရန်ဖြစ်နေကြပါပြီဆိုတာ တွေ့ရတယ်။ လူတွေက တစ်စိတ် တစ်အိတ်လုပ်ပြောတာနဲ့တွေ့ တော့ ပိုဆိုးကုန်ရော’’ဟု ပုသိမ် မြို့ ငွေကြယ်ပွင့်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးက ပြောသည်။

စက်တင်ဘာ ၆ ရက်နောက် ပိုင်း လူမှုကွန်ရက် စာမျက်နှာပေါ် ကတစ်ဆင့် ‘‘အစ္စလာမ်ဘာသာ ဝင် သွေးချင်းညီနောင်အပေါင်းတို့ ၁၁ ရက်နေ့တွင် သွားသတိ၊ လာ သတိ၊ စားသတိရှိကြပါ။ ရန်ကုန် မြို့အတွင်း အမျိုးသားရေးလှုပ် ရှားသူများနှင့် မဘသအဖွဲ့များ ပူးပေါင်း၍ ကုလားဆန့်ကျင်ရေး ပြုလုပ်မည်ဟု သတင်းရရှိပါ သည်’’ဆိုသော စာသားများကို မွတ်စလင်အသိုင်းအဝိုင်းတွင် ဖြန့်ဝေကြသည်။

တစ်ဖက်တွင်လည်း ‘‘၁၁ရက်နေ့ကို သွားသတိ၊ စားသတိ၊ လာသတိနဲ့နေပါ။ ကုလားတွေ ၁၁ ရက်နေ့ ဂျီဟတ်လုပ်ဖို့ စီစဉ် နေပြီ။ လူလက်နက်ခဲယမ်း အ သင့်အနေအထားရှိနေဖို့ cb မှ ဖြန့်ဝေပေးပါ’’စသည့်စာသားများ ကို လူမှုကွန်ရက်ကတစ်ဆင့် ဖြန့် ဝေနေကြ၏။

ထို့အပြင် ပြည်တွင်းရှိ ဒေသ တော်တော်များများတွင် ထိုကဲ့သို့ မွတ်စလင်များနှင့် ဗမာလူမျိုးများ ပဋိပက္ခဖြစ်နေကြောင်း ရန်ပွဲများ၊ လူသတ်မှုများ ကျူးလွန်နေပြီဖြစ် ကြောင်း မမှန်သတင်းများမှာ လည်း အချိန်ကိုက်ထွက်ပေါ်နေ သည်။

စက်တင်ဘာ ၇ ရက်က ရန် ကုန်မြို့ မြောက်ဥက္ကလာပ ခေမာ သီလမ်းအတွင်း နေအိမ်တွင် ဘင်္ဂါလီအုပ်စုတစ်စုမှ ပုန်းအောင်းကာ အကြမ်းဖက်မှုများ ကြံစည်နေ သည်ဟု ကောလာဟလတစ်ခု ထွက်ပေါ်၍ လာခဲ့သည်။ လူမှုကွန်ရက်တွင်လည်း ထိုသို့သဘော ဆောင်သည့် သတင်းများ ပျံ့နှံ့ လာသည်။ သို့သော် ဖြစ်စဉ်အမှန် သည် ကျောက်ဖြူမြို့နယ်မှ ဘင်္ဂါ လီလူမျိုးတစ်ဦးနှင့် ကမန်လူမျိုး တစ်ဦး မြောက်ဥက္ကလာပရှိ သံဆိုင် တစ်ဆိုင်တွင် အလုပ်လာရောက် လုပ်ကိုင်နေခြင်းဖြစ်ကာ ယာယီ ခရီးသွားလက်မှတ် သက်တမ်း ကျော်လွန်နေခြင်းဖြစ်သည်။ ထို လူများကို သက်ဆိုင်ရာက ရခိုင် ပြည်နယ် ကျောက်ဖြူမြို့သို့ လေ ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ရန် ညွှန်ကြားခဲ့သည်။

စက်တင်ဘာ ၈ ရက်က ရန် ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်း တကာတွင် မွတ်စလင်များနှင့် မြန်မာလူမျိုးများ ရိုက်ပွဲဖြစ်နေ သည်ဆိုသော သတင်းပျံ့နှံ့လာ သည်။ ထို့အပြင် နောက်ဆက်တွဲ အနေဖြင့် မှော်ဘီမြို့နယ်တွင် လုံ ခြုံရေးများ ရဲကားများဖြင့် ထိန်း သိမ်းနေရသည်။ စိစစ်နေရသည် ဆိုသော သတင်းများထွက်ပေါ် လာပြန်သည်။

မှော်ဘီမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ဝင်းက မှော်ဘီမြို့နယ်အတွင်းမှာ ပင် ထိုကဲ့သို့ အခြေအမြစ်မရှိ သည့် ကောလာဟလများသည် လေးခုလောက်ပျံ့နှံ့နေသည်ဟု ဆိုသည်။ သတင်းပျံ့နှံ့နေသည့် အချိန်ကစ၍ မှော်ဘီမြို့နယ်၌ ထို ကဲ့သို့ အကြမ်းဖက်ဖြစ်စဉ် လုံးဝ မရှိကြောင်းနှင့် သတင်းပျံ့နှံ့လာ တိုင်း မယုံကြရန် ဦးအောင်ဝင်းက ပြောသည်။
ထို့အပြင် စက်တင်ဘာ ၈ ရက်က ပြည်မြို့နှင့် ရွှေတောင်မြို့ တို့တွင် ဖေ့စ်ဘွတ်ခ်ကောလာ ဟလကြောင့် လူစုလူဝေးများဖြစ် ခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ‘‘ပြည်မြို့ ရွှေတံခါးစာသင်ကျောင်း သို့ လူမျိုးခြားများ လာရောက် နှောင့်ယှက်’’ဆိုသည့် သတင်း တစ်ပုဒ် ပျံ့နှံ့ခဲ့ပြီး ပြည်မြို့နှင့် ရွှေ တောင်တို့ရှိ ကျောင်းများ ကျောင်းဆင်းချိန်တွင် မိဘများနှင့် လူစု လူဝေးများ ဖြစ်ခဲ့သည်။

ထို့အပြင် ဖျာပုံမြို့တွင် ကျောင်းအတွင်းသို့ ကုလားများ မီးဝင်ရှို့နေသည်ဆိုသည့် သတင်း ပျံ့နှံ့လာပြီး လူစုလူဝေးဖြစ်ခဲ့ သည်။

အလားတူဖြစ်စဉ်မျိုးသည် မင်းဘူး၊ စကုမြို့နယ်များနှင့် လပွတ္တာ၊ ပုသိမ်မြို့တို့ထိ ကော လာဟလများက မီးကူးပျံ့နှံ့ခဲ့ သည်။

ထို့အပြင် ကောလာဟလထက်ပိုသော ဆူပူမှုများဖြစ် အောင် လှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။ တောင်တွင်းကြီးမြို့တွင် တုတ်၊ဓားလက်နက်များကိုင်ဆောင် သည့် လူအုပ်စုက စက်တင်ဘာ၁၀ ရက်ညတွင် မြို့ပေါ်ဆိုင်ခန်းများကို လိုက်လံဖျက်ဆီးခဲ့ကြခြင်း ပင်ဖြစ်သည်။ ထိုဖြစ်ရပ်တွင် မျက်နှာဖုံးစွပ်ထားသည့် လူစုများ ပါဝင်ခဲ့ပြီး အကြောင်းပြချက်မရှိ ဆူပူမှုလုပ်ခဲ့သည့် သဘောမျိုးဖြစ်သည်ဟု တောင်တွင်းကြီးမြို့တွင် ဘော်ဒါဆောင်ဖွင့်ထားသည့် ဒေသခံတစ်ဦးက ပြောသည်။

‘‘တိုင်းပြည်ဆူအောင် သက် သက်ဆွနေတာါ။ ဒီမတိုင်ခင်က လည်း မြို့ပေါ်မှာ ဟိုလူလာပြီ၊ ဒီ လူလာပြီဆိုပြီး အော်ကျယ်အော် ကျယ်နဲ့ရှိတယ်။ အခုလည်း ဘာမှမလုပ်တဲ့ ဘာသာခြားတွေကို သက်သက်မဲ့ ပြဿနာလုပ်နေ တာ’’ဟု အဆိုပါဒေသခံက ပြော သည်။

ထိုကဲ့သို့ ကောလာဟလများ အပြင် အထင်အမြင်လွဲမှား အောင် ပြုမူမှုများက မြန်မာလူမျိုး အသိုင်းအဝိုင်းတွင်သာမကပဲ မွတ်စလင် အသိုင်းအဝိုင်းများ တွင်မှာပါ ပျံ့နှံ့နေပြီး သံသယများ နှင့် မလုံခြုံမှုများတိုးပွားစေသည် ဟု အစ္စလာမ်ဘာသာဝင်တစ်ဦး ရှေ့နေ ဦးကျော်ငြိမ်းက ပြော သည်။

‘‘ပဋိပက္ခဖြစ်စရာ ဘယ်လိုမှ မရှိပါဘူး။ အနည်းဆုံးတွေးရင် ဘက်တောင်မမျှပါဘူး။ အဲဒီလို အခြေအနေမှာ အစ္စလာမ်ဘာ သာဝင်တွေအနေနဲ့ကလည်း စိုးရွံ့နေကြပါတယ်’’ဟု ဦးကျော်ငြိမ်း က ပြောသည်။

ကောလာဟလဖြန့်ချိသူများ ၏ရည်ရွယ်ချက်သည် ပြည်တွင်း ရှိ မြန်မာမွတ်စလင်အသိုင်းအဝိုင်း တွင် မလုံခြုံစိတ်နှင့် ကြောက်စိတ်များကြောင့် ပဋိပက္ခများဖြစ်ပွား သည်ကို လိုလားသည်ဟု ထင်မြင် ကြောင်း မြန်မာမွတ်စလင်လူငယ် အဖွဲ့မှ ကိုအောင်ကျော်ထွေးက ပြောသည်။ ကောလာဟလများမတိုင် မီက မောင်တောဒေသရှိ တိုက် ပွဲများနှင့် အကြမ်းဖက်သမားများ အပေါ်သာ စိုးရိမ်နေကြသော လူ ထုမှာ ကောလာဟလများထွက် လာပြီးနောက် မိမိပတ်ဝန်းကျင် နှင့် မွတ်စလင်များပေါ် စိုးရိမ်မှု အမြင်ရှိလာသည်ဟု ကိုအောင် ကျော်ထွေးက ဆက်ပြောသည်။

အစ္စလာမ်အသိုင်းအဝိုင်း တွင်လည်း ဗလီများ လုံခြုံစွာ တံ ခါးပိတ်ထားရန်၊ မြန်မာလူမျိုးများ က အမှားစောင့်၍ ရန်ရှာရန်ကြံ နေသောကြောင့် လူမြင်ကွင်းတွင် ဆင်ခြင်နေကြရန် စသည့်သတင်း များလည်း ပျံ့နှံ့နေကြောင်း အစ္စလာမ် စာသင်ကျောင်းတစ်ကျောင်း မှ ဦးမျိုးမြင့်ဟန်က ပြောသည်။

‘‘အခုလို ကောလာဟလဖြန့် ချိသူတွေဟာ တိုင်းပြည်အရေးကို မျက်ကွယ်ပြုပြီး NLD အစိုးရကို တိုက်ခိုက်ချင်သူတွေလို့ပဲ ပြောရ မယ်ထင်တယ်။ တစ်ဆင့်ပြီး တစ် ဆင့် ကောလာဟလတွေကို အရှိန်မြှင့် ဖြန့်ချိလာတာဟာ ဆူအောင် လုပ်ချင်တာ၊ မြန်မြန်အရေးယူ ကိုင်တွယ်ဖို့လိုတယ်။ NLD အပေါ်လူထုအယုံအကြည်က မပျောက် နိုင်သေးဘူး။ တိုင်းပြည်မတည် ငြိမ်ရင် NLD အလုပ်လုပ်ရခက်ပြီး လုံခြုံရေးတပ်ဖွဲ့အခန်းက မြင့်လာမှာပဲ။ အခုလို ကောလာဟလဖြန့် ဝေသူတွေကို Cyber Police က ထိထိရောက်ရောက်အရေးယူဖို့ လိုတာပဲ’’ဟု တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

ကောလာဟလများ ပိုမို အားကောင်းလာသဖြင့် လုံခြုံရေး စီစဉ်ရန် ရဲတပ်ဖွဲ့နှင့် ထွေအုပ်ရုံး များတွင် ညွှန်ကြားမှုများရှိသည် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှ ရဲအုပ်တစ်ဦးက ပြော သည်။

အခြားမြို့နယ်၊ ကျေးရွာများ တွင်လည်း ရပ်ကွက်နေပြည်သူ များက လှည့်ကင်းများ၊ လုံခြုံရေး ကင်းများ စောင့်နေသည်အထိ စိုး ရိမ်စိတ်များ လွှမ်းမိုးခဲ့ကြသည်။

ကောလာဟလအများစု သည် စက်တင်ဘာ ၁၁ ရက်ကိုဦးတည်နေပြီး နောက်ဆက်တွဲအ နေဖြင့် ၁၁ ရက်တွင် ရုံးနှင့် ကျောင်းများ ပိတ်လိမ့်မည်ဟု ကောလာ ဟလများပါ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အများစုက စက်တင် ဘာ ၁၁ ရက်ကို စိုးထိတ်စွာ စောင့်ကြည့်ခဲ့ကြသည်။

သို့သော် ကောလာဟလများ လွှမ်းမိုးခဲ့သည့်စက်တင်ဘာ ၁၁ ရက်တွင် တစ်နိုင်ငံလုံးအကြမ်း ဖက်မှုမရှိဘဲ ကုန်ဆုံးခဲ့သည်။ အထင်မြင်လွဲမှားအောင် ဆူပူမှု များလုပ်ခြင်းများလည်း မရှိခဲ့ပေ။ သို့သော် စက်တင်ဘာ ၁၁ ကျော် လွန်သွားသည့်တိုင် အခြားသ တင်းမှားများ၊ ကောလာဟလများ ဆက်လက်၍ လူထုကြားပျံ့နှံ့လာ သည်ကို ဂရုပြုရမည်ဖြစ်သည်။

ထိုအခြေအနေများတွင် အွန်လိုင်းမှ သတင်းမှားများနှင့် ကောလာဟလများကို မယုံကြည် ဘဲ ဆန်းစစ်ကြရန် နိုင်ငံရေးလေ့ လာသူများနှင့် ကျော်ကြားသူများ က တိုက်တွန်းကြသည်။ နိုင်ငံ တော် အတိုင်ပင်ခံရုံးကလည်း ကောလာဟလများနှင့်ပတ်သက် ၍ ဖြန့်ဝေသူများကို အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင် ကောလာဟလများကို မယုံကြည်ကြရန်နှင့် ဆူပူမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။

အစ္စလာမ်ဘာသာရေးအ ဖွဲ့ကြီးကလည်း ဘာသာရေးလှုံ့ ဆော်မှုများကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ရန် ကြေညာချက်ထုတ် ပြန်ခဲ့သည်။

‘‘အတူနေပြည်သူတွေ စိုး ထိတ်နေတာ မသမာသူတွေ ဖြစ် စေချင်တာမျိုးပဲ။ နောက်ဆုံးတိုက် ပွဲဖြစ်နေတဲ့မောင်တောဒေသက အကြမ်းဖက်သမားတွေကို တိုက် ထုတ်နိုင်သည့်တိုင် တိုင်းပြည် တွင်း အချင်းချင်းသံသယတွေ ပွားနေတုန်းပဲဆိုရင် တိုင်းပြည်အ ကျိုးယုတ်ပါတယ်’’ဟု ဆရာတော် သီတဂူ ဦးတေဇနိယက ပြော သည်။

ပြည်တွင်းတွင် ထိုကဲ့သို့ ထိ လွယ်ရှလွယ်သော လူမျိုးရေးကို အခြေခံသည့် ကောလာဟလမီး များမှာ အဖွဲ့အစည်းနှစ်ခုအတွင်း သံသယများကို ကာလအတော် ကြာ အမြစ်တွယ်စေမည်ဟု ဘာ သာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဦးအေးလွင်က ပြောသည်။

အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်း လွင်က အကြမ်းဖက်လုပ်ရပ်များ နှိမ်နင်းရန် ပြင်ဆင်ထားကြောင်း ယခုကဲ့သို့ ယတိပြတ်ပြောသည်။

‘‘၁၁ ရက်၊ ၁၂ ရက်မှာ လုပ် မယ်ဆိုရင်လည်း ပြတ်ပြတ်သား သားချေမှုန်းမှာပဲ။ ကိုယ်တို့က လုပ်သင့်လုပ်ထိုက်တာ ဆောင် ရွက်ထားတာဖြစ်တဲ့အတွက် အ ချိန်မရွေး လုပ်လာမယ်ဆိုလည်း အချိန်မရွေး ချေမှုန်းဖို့ အသင့်ပဲ’’
မြန်မာမွတ်စလင်အသိုင်းအ ဝိုင်းနှစ်ခုကြားတွင် ကောလာဟ လမီးကြောင့် အကျည်းတန်သည့် အကြမ်းဖက်မှုများနှင့် သေကျေ ပျက်စီးမှုများဖြစ်ပွားခဲ့သည်မှာ သမိုင်းသာဓကများ ရှိခဲ့သည်။

၂၀၁၂ ဇွန်လနှင့် အောက်တို ဘာတို့တွင် ရခိုင်ပြည်နယ်၌ အ စွန်းရောက် မွတ်စလင်များ အ ကြမ်းဖက်မှုဖြစ်ပွားခဲ့သည်။ ထို အကြမ်းဖက်မှုများအပြီး နောက် ပိုင်းနှစ်များတွင်တော့ ယခုလိုပင် ကောလာဟလများကို အဆင့် ဆင့်ဖြန့်ဝေခဲ့ရင်းက အသိုင်းအ ဝိုင်းနှစ်ခုကြားတွင် ကြီးမားသော ပဋိပက္ခများဖြစ်ပွားခဲ့ဖူးသည်။ မိတ္ထီလာ၊ လားရှိုးနှင့် ဥက္ကံ စသော မြို့များတွင် လူမျိုးရေး အဓိက ရုဏ်းများဖြစ်ပွားခဲ့ပြီး လူဦးရေ ရာကျော်သေဆုံးခဲ့သည်။

ယခုတစ်ဖန် ရခိုင်ပြည်နယ် အခြေအနေနှင့်ဆက်စပ်ကာ လူ မျိုးရေး၊ ဘာသာရေးအကြမ်းဖက် လှုံ့ဆော်မှုများတွင် နောက်ကွယ် မှ ကြိုးကိုင်သူများရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံး သပ်သည်။

ထို့ကြောင့် သွေးထိုးလှုံ့ဆော် မှုများကို သတိထားစောင့်ကြည့် ကာ နားမယောင်ဘဲ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းသည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကလည်း ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ စက်တင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲအခမ်းအ နားတွင် ပြည်သူများ၏စိုးရိမ်ပူပန် မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှု ဖြစ်အောင်လုပ်မည်ဆိုသည့် အန္တ ရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ယခင်ကလည်း ထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြ သည်များကို တွေ့နိုင်ကြောင်း၊ ဤသို့ အခြေအနေမျိုးတွင် လုံခြုံ ရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ ထိထိရောက် ရောက် ဟန့်တားပေးရန် လိုအပ် သည်ကို အလေးအနက်ထားပြော လိုကြောင်း သမ္မတဦးထင်ကျော် က ပြောကြားသည်။ ထို့အပြင် အကြမ်းဖက်မှုများ မဖြစ်ပွားစေ ရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှု များကို အခွင့်ကောင်းယူ၍ သွေး ထိုးလှုံ့ဆော်မည့်သူများကို အချိန် မီဟန့်တားနိုင်ရေး၊ တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ သွားရန် သမ္မတက မှာကြားခဲ့ သည်။

နိုင်ငံတကာတွင် ရခိုင်ပြည် နယ်အရေးကို သတင်းအမှားများ ဖြင့် ဝါဒဖြန့်ချိမှုများ အရှိန်အဟုန် ကောင်းနေစဉ် နိုင်ငံတွင်း လူမျိုး ရေး၊ ဘာသာရေးပြဿနာများ မကူးစက်စေရန် ပြည်သူများက လိုလားနေကြသည်။ ထို့ကြောင့် နည်းအမျိုးမျိုးဖြင့် သွေးထိုးလှုံ့ ဆော်မှုများကို ပြည်သူများက သတိပြု ဆင်ခြင်ရမည့်အပြင် အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူရန် အရေးတကြီးလိုအပ် နေသည်။။

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...