[ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း-၅၀]
ARSA အစွန်းရောက် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ၆ လုံးတွေ့ရှိ
စက်တင်ဘာ ၁၃၊၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသ အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ရသေ့တောင်မြို့နယ် နယ်မြေ ၁၁ စေတီပြင်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက်(ယနေ့) မွန်းလွဲ ၂ နာရီတွင် ပေါက်ပင်ရင်း တိုင်းရင်းသားကျေးရွာသို့ ရိက္ခာ နှင့်ထောက်ပံပစ္စည်းများ ပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီ ၁၀ မိနစ်တွင် အောက်နန်းရာကျေးရွာအနီးရောက်ရှိစဉ် ရွာအနီးကားလမ်းဘေး၌ မသင်္ကာဖွယ် ပလပ်စတစ်စအား တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသည့် အရှည် ၁၂ လက်မ၊ အချင်း ၄ လက်မ ခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသည့် အရှည် ၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၄ လုံး စုစုပေါင်း ဒေသန္တရ လက်လုပ်မိုင်း ၆ လုံး တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့ရကြောင်းသိရသည်။
တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲတွင် မောင်တောမြို့နယ် ငါးရန့်ချောင်းဘင်္ဂါလီကျေးရွာ အတွင်း ကျန်ရှိသည့် ဘင်္ဂါလီ အိမ်ထောင်စု ၁၁ ခု မိသားစု ဦးရေ ၁၀၀ ဦးခန့်အား ဆန် ၃ အိတ်၊ ငရုတ်သီးခြောက် ၁ အိတ်၊ ဆီ ၁ ပုံး၊ငါးခြောက်အိတ် ၁ အိတ်၊ ကြက်ဥချောင်း ၁ ဖာ တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးချို့တဲ့နေသည့် ဘင်္ဂါလီလူမျိုး ၁၈ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)
Wednesday, September 13, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment