Wednesday, September 13, 2017

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်ရန် လမ်းညွှန်ထား

နေပြည်တော်၊ စက်တင်ဘာ ၁၃။
ကြယ်စင်ခ (နေပြည်တော်)

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး တစ်လျှောက် အဆင်မြှင့်တင် ကာရံခြင်းနှင့် ပျက်စီးနေမှုများပြုပြင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လမ်းညွှန်ထားကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

"အတိုင်ပင်ခံရဲ့ လမ်းညွန်ချက်ကဘာလည်းဆို လက်ရှိခြံစည်းရိုးကို အဆင့်အတန်းမြင့်မားအောင် အဲဒီအတွက်လိုတဲ့ကုန်ကျစရိတ်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးဖို့ လမ်းညွန်ထားတာ ရှိတယ်"ဟု ဦးဇော်ဌေးက ပြောသည်။

နယ်စပ် တလျှောက်သည် သံဆူးကြိုး ကာရန်ထားပြီး နိမ့်နေသည့်အတွက် ထပ်မြင့်ရန်နှင့် ခြံစည်းရိုး ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ခြံစည်းရိုးတွေနဲ့ ပတ်သက်လို့လည်း ပေါက်တဲ့နေရာတွေရှိတယ်။ ပေါက်တယ်ဆိုတာ ပျက်နေတာပေါ့နော်။ ပျက်နေတဲ့နေရာတွေက မိုင်တိုင်အမှတ် ၃၀ ကနေ ၄၇ ကြား အဲနေရာမှာ တော်တော်လေးအပေါက်တွေရှိတယ် လို့ပြောတယ်။ အဲအပေါက်ကနေ ထွက်ပြေးနေတာတွေဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ဖာတဲ့ဟာတွေ လုပ်နေတယ်"ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ နယ်စပ် တလျှောက်တွင် ခြံစည်းရိုးကာရံရန်   ကျန် ရှိနေသည့် မိုင် ၄၀ အတွက် ဘဂျတ် ၂၅ ရာခိုင်နူန်း အတွက် ချထားပေးပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ထိုအပြင် မိုင်တိုင် ၁၄၆ ၏တောင်ဘက် ပင်လယ်ရေထွက်ပေါက်အပါအဝင် ပျက်စီး ချို့ယွင်း သည့် ခြံစည်းရိုးများ ပြုပြင် ထိန်းသိမ်းရန် ကျပ် ၅ ဘီလီယံခွင့်ပြုထားကြောင်းသိရှိရသည်။

#CentralNewsMyanmar
#NaypyitawNews

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...