Monday, September 11, 2017



နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကား ပြောကြားသည်။



၎င်းနောက် ညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြပြီး နေ့လည်စာအတူတစ်ကွ သုံးဆောင်ကြသည်။

Zawgyi Version
-----------------------------------------------------------------

နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၁

နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အစည်းအေ၀းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ငြိမ်းချမ်းရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်၊ အတွင်းရေးမှူး(၃) ဦးစိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သော ဦးခေးပျူနှင့် ဦးစိုင်းမိဏ်း၊ PMC မှ ဦးဆောင်းဟန်၊ ဦးစိုင်းဟန်နှင့် ဦးစိုင်းလျဲန်း၊ စီးပွားရေးဌာန ဌာနမှူး ဦးအောင်တိန်း၊ ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး ဦးစိုင်းဦး၊ ရုံးအဖွဲ့မှ ဦးခမ်းစံနှင့် ဦးဟောင်ခမ်းတို့ တက်ရောက်ကြသည်။
အစည်းအေ၀းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးယွက်စစ်က အမှာစကား ပြောကြားသည်။
ယင်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးယွက်စစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့က နိဂုံးချုပ်စကားပြောကြားကြပြီး အစည်းအဝေးကို နေ့လည် ၁ နာရီတွင် ရုပ်သိမ်းလိုက်သည်။

၄င်းနောက် ညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြပြီး နေ့လည်စာအတူတစ်ကွ သုံးဆောင်ကြသည်။

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...