Monday, September 11, 2017

“ကျောက်ဝိုင်းတွင် ရန်ဖြစ်သည့် တရုတ်နိုင်ငံသားခြောက်ဦးကို ဒဏ်ငွေ တစ်သိန်းခွဲနှင့်ပြည်နှင်ဒဏ်ပေး"
Monday, September 11, 2017

ကျောက်ဝိုင်းအတွင်း စကားများရန်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားခြောက်ဦးကို ငွေဒဏ်တစ်သိန်းခွဲစီချမှတ်ပြီး ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းအတွင်းတွင် ကျောက်အရောင်းအ၀ယ်ပြုလုပ်နေစဉ် စကားများရန်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားခြောက်ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးမှ ငွေဒဏ်တစ်သိန်းခွဲစီချမှတ်ခဲ့ကြောင်း မဟာအောင်မြေမြိုနယ်လ၀ကဦးစီးမှူး ဦးသောင်းဒန်ကပြောသည်။

မဟာအောင်မြေမြို့နယ်တရားရုံးတွင် တရုတ်နိုင်ငံသားခြောက်ဦးကို မြို့နယ်လ၀ကမှူးက တရားလိုလုပ်၍ ဗီဇာစည်းကမ်းဖောက်ဖျက်မှု လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၁)အရ တရားစွဲဆိုခဲ့ကာ တရားလိုနှင့် တရားလိုပြသက်သေများ စစ်ဆေးပြီးစီး၍ စက်တင်ဘာ၁၁ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ မဟာအောင်မြေမြိုနယ်လ၀ကဦးစီးမှူး ဦးသောင်းဒန်ကပြောသည်။

“တရားရုံးကနေ ငွေဒဏ်ချလိုက်တယ်။ ဒါပေမယ့် ဒီနိုင်ငံကို လာရောက်တဲ့နိုင်ငံခြားသားတိုင်းလိုက်နာရမယ့် ဗီဇာပါစည်းကမ်းချက်တွေ ဖောက်ဖျက်တဲ့အတွက် လဝက ကနေ ပြည်နှင်သွားမှာပါ” ဟု ဦးစီးမှူး ဦးသောင်ဒန်ကပြောသည်။

သြဂုတ် ၁၆ရက်က ကျောက်ဝိုင်းအတွင်း တရုတ်နိုင်ငံသား၆ဦး ကျောက်အရောင်းအ၀ယ်ပြုလုပ်စဉ် စကားများရန်ဖြစ်ခဲ့သည့် ဗီဒီယိုရုပ်သံ ပြန့်နှံ့လာပြီးနောက် လ၀က အရာရှိမှ တရားလိုလုပ်၍ ဗီဇာစည်းကမ်းဖောက်ဖျက်မှု လ၀ကအက်ဥပဒေ ၁၃(၁)အရ သြဂုတ် ၂၄ရက်တွင် အမှတ် ( ၇ ) နယ်မြေရဲတပ်ဖွဲ့စခန်း ၌ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

သတင်း ၊ ဓာတ်ပုံ - ဖြိုးဖြိးဇော်
7Day News Journal


No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...