Monday, September 11, 2017

လတ်တလော ဖြစ်ပေါ်နေသော ရခိုင်ပြသနာနှင့်ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ အကြမ်းဖက်သမားများကို အပြစ်တင်
Monday, September 11, 2017

ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးမှ Ma Mingqiang မှ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများကို ပြစ်တင်လိုက်ကြောင်း “ China ambassador blames Rohingya insurgents for Myanmar crisis” ခေါင်းစဉ်ဖြင့် Bdnews24.com ၏ သတင်းတစ်ပုဒ်တွင် ဖ်ာပြထားသည်။

တရုတ်သံအမတ်ကြီးမှ Ma Mingqiang မှ ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး ကြံစည်လုံးပန်း အားထုတ်နေသူ ဘင်္ဂလီ အကြမ်းဖက်သမားများကိုသာ အပြစ်တင်သင့် ကြောင်း အကြံပြု ပြောကြားလိုက်ကြောင်း သတင်းကဆိုသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး မဟာမိတ် နိုင်ငံတစ်ခု ဖြစ်ကြောင်း ဖြင့်လည်း သတင်းတွင် ဖော်ပြသည်။

တရုတ်သံအမတ်ကြီးအား ဒက္ကားမြို့ ရှာအီးဘင်္ဂလာ နာဂါတွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် စီပွားရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုသို့ တက်ရောက်လာစဉ် လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော မတည်မငြိမ်မှုများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို သတင်းထောက်များက မေးမြန်းရာ ထိုသို့ တုန့်ပြန်ဖြေကြားသွားခဲ့သည်။

တရုတ်သံအမတ်ကြီး Ma Mingqiangက လတ်တလော ရခိုင်ပြည်နယ် အတွင်း စတင် ပေါ်ပေါက်လာသည့် ဆူပူ မတည်ငြိမ်မှုများမှာ သြဂုတ် ၂၅ ရက်နေ့က ဘင်္ဂလီအကြမ်းဖက်သမားများမှ မြန်မာနယ်ခြားစောင့် စခန်းများအား တိုက်ခိုက်ရာက ဖြစ်ပွားလာခြင်းဖြစ်ပြီး ယင်းလုပ်ရပ်က မြန်မာနိုင်ငံတွင်းမှ ဘင်္ဂလီလူမျိုး အများအပြားကို နယ်စပ်ကို ဖြတ်ကျော်ရန် တွန်းပို့ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

သို့သော်လည်း ယခုဖြစ်ရပ်အတွက် ဘင်္ဂလာဒေ့ရှ်အား ထိခိုက်နေသည်ကို သဘောပေါက် နားလည်ပါကြောင်း ပြောကြားသွားခဲ့သည်။

ယခုဖြစ်ပေါ်နေသော ပြသနာသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ထားသော တရုတ်ကိုလည်း ထိခိုက်နေကြောင်း လေးနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် BCIM (ဘင်္ဂလာဒေ့ရှ်- တရုတ်- အိန္ဒိယ- မြန်မာ) စီးပွားရေး စင်္ကြန် စီမံကိန်းကိုလည်း ပြန်လည် သက်ဝင် လူပ်ရှားလာရန် လိုလားပါကြောင်း ပြောကြားသည်။

Narinjara

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...