အထက်မင်းလှမြို့နယ်တွင် တရက်တည်းအတွင်း လူ ၂ ဦး ကြိုးဆွဲချသေဆုံး
------ ------ ------ ----- -----
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်၊ နယ်မြေရဲစခန်းအပိုင်၊ နွားလဲကျေးရွာနေ (---) နှင့် ကုန်းကြီးကျေးရွာ (ရေနံစိမ်းဝယ်ယူရေး) ဆီခြံနေ (---) သည် စက်တင်ဘာ ၁၃ နံနက်နှင့် နေ့လည်ပိုင်းတွင် ကြိုးဆွဲချသေဆုံးခဲ့ကြကြောင်း သက်ဆိုင်ရာရဲစခန်းများမှ သိသည်။
ဖြစ်စဉ်မှာ မင်းလှမြို့မရဲစခန်း အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကုန်းကြီးကျေးရွာ ဆီခြံတွင် လူတဦးကြိုးဆွဲချသေဆုံးနေသည်ဟု သတင်းရရှိသဖြင့် တာဝန်မှူး ဒုတိယရဲအုပ် မျိုးသန့်ဇင်က သွားရောက်စစ်ဆေးရာ ဆီခြံတဲအတွင်း (---) အား လက်သုံးလုံးခန့်နိုင်လွန်ကြိုးအားအသုံးပြု၍ အမြင့် ၆ ပေခွဲခန့်မှကြိုးဆွဲချသေဆုံးနေပြီး မျက်စိပြူး၊ လျှထွက်၊ သုတ်ရည်ထွက်ရှိအနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ အနီးရှိ ရောင်နီထွန်းစာတမ်းပါရေသန့်ဘူးထဲတွင် အရက်တစိပ်ခန့်တွေ့ရှိရကြောင်း၊ အမှုကိုမြို့မစခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးကစစ်ဆေးလျှက်ရှိကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ထို့အတူ မင်းလှမြို့နယ် ရေနံမတိုက်နယ်၊ နယ်မြေရဲစခန်းတွင် တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ဒုတိယရဲအုပ်တင်အောင်စန်းသည် နွားလဲကျေးရွာတွင် ကြိုးဆွဲချသေကြောင်းသတင်းရရှိ၍ သွားရောက်စစ်ဆေးစဉ် (---) ၃၅ နှစ်သည် ၎င်း၏နေအိမ်ခေါင်တန်းကြွက်လျှောက်ဝါးလုံး၌ အရှည် ၈ ပေခန့်ကြိုးကိုခေါက်ချည်လျှက် သေဆုံးနေသည်ကို တွေ့ရှိရပြီး တာဝန်မှူး ဒုရဲအုပ်တင်အောင်စန်းက တရားလိုပြုလုပ်ကာ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက အမှုကိုစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မည်သည့်အတွက်ကြောင့် ကြိုးဆွဲချသေကြသည်ကို ဂဃနဏ မသိရှိရကြသေးကြောင်း၊ လက်ရှိတွင် စစ်ဆေးဆဲသာဖြစ်ကြောင်း သိရသည်။
ထန်းထန်း(မဲဇလီ)
Wednesday, September 13, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment