“အိန္ဒိယနိုင်ငံ မဏိပူရမှ ရန်ကုန်မြို့လယ်ကောင်ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသူ ရှစ်ဦးအပါ အမျိုးသမီး ၄၀ ကျော် စိစစ်တွေ့ရှိ”
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဘက် မှ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသူ ရှစ်ဦး အပါအ၀င် အမျိုးသမီး ၄၀ ကျော်ကို စက် တင်ဘာ ၉ ရက် ည ၈ နာရီက စိစစ်တွေ့ ရှိခဲ့ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်တံတားမြို့မ ရဲစခန်းသို့
Mr.Vanlal Chunga Hlawn- cheu(Assistant Consu¬lar Officer, Embassy of India Yangon) နှင့် မဇင်လင်းသူ (စာရင်းကိုင် ဌာန-အိန္ဒိယသံရုံးဝန်ထမ်း)တို့ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့မှ Email ဖြင့် မဏိပူရ ပြည်နယ်မှ Ms.chingngaihlun (၂၆)နှစ်အပါအ၀င် အမျိုးသမီးငယ်ရှစ်ဦး သို့မဟုတ် ရှစ်ဦးထက်ပို၍ ထိုင်းသို့မဟုတ် စင်ကာပူသို့ ပို့ဆောင်ရန်ကျောက်တံတားမြို့နယ် (၇)ရပ်ကွက် အမှတ်(၂၇၂)နေအိမ်တွင် ရောက်ရှိနေကြောင်း လာရောက်ပြောကြားခဲ့သည်။
ယင်းပြောကြားချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့ စု(၆) (ရန်ကုန်)နှင့် ကျောက်တံတားမြို့မ ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ တမူးမြို့နယ် ကနန်
ကျေးရွာနေ မလားမားဆော်စီး(၃၇)နှစ်ကိုတွေ့ရှိပြီး ထိုအိမ်၌ Ms.chingngaihlun အပါအ၀င် အိန္ဒိယနိုင်ငံသူအမျိုးသမီးရှစ်ဦးနှင့် တမူးမြို့နယ် တနိုင်ရွာနေ မလန့်အောင်ပွင့် (၂၃)နှစ် အပါအ၀င် ချင်းအမျိုးသမီး ၄၀ တို့ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ၊ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် မြို့နယ် လ၀ကမှူး ဒေါ်ဝင်းပပလွင်တို့ပါဝင်သော ပူးပေါင်း အဖွဲ့မှ ယင်းအမျိုးသမီးများအား စစ်ဆေးရာ စက်တင်ဘာ ၂ရက်တွင် အိန္ဒိယနိုင်ငံသူ ရှစ်ဦးအား တမူးမြို့နယ်နေ ဒေါ်အိုင်းရင်း (စိစစ်ဆဲ)မှ တမူးနယ်စပ်မှ စင်ကာပူနိုင်ငံသို့ အိမ်ဖော်လုပ်ကိုင်ရန်
ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ချင်းအမျိုးသမီး ၄၀ မှာ လွန်ခဲ့သော တစ်လအတွင်း အသုတ်လိုက်ခွဲ ၍ မလေးရှားသို့ အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့်
Myanmar Global Man Power Link Ltd (ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီပိုင်ရှင်) ဒေါ်လားရောင်ဘောလီ (စိစစ်ဆဲ)က ဆက်သွယ်၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
‘သူတို့ကို ဆိပ်ကမ်းသာလမ်းအပေါ်ဘလောက်မှာ ရှာတွေ့ခဲ့တာ။ အယောက် ၄၀ ထဲမှာ မြန်မာတွေလည်းပါတယ်။ အိန္ဒိယနိုင်ငံသားလို့ခံယူထားတဲ့ ချင်းတွေလည်းပါတယ်။ အဓိက
ကတော့ သူတို့မှာ မှတ်ပုံတင်မရှိဘူး။ ပတ်စ်ပို့လည်းမရှိဘူး။ နယ်မြေဖြတ်ကျော်မှုပါ ဖြစ်လာတဲ့အတွက် လ၀ကကတော့ သူ့ ဥပဒေအရ အရေးယူမှာပဲလေ။ နိုင်ငံခြားပို့ပေးမယ့် ကုမ္ပဏီလိုင်စင်ကလည်း ၂၀၁၇ ခုနှစ် မေလမှာ သက်တမ်းကုန်နေပြီ။ ပိုင်ရှင်ကို စုံစမ်းတော့လည်း ကိုရီးယားကိုသွားတယ်လို့ စစ်ဆေးမေးမြန်းတုန်းမှာ ကြားလိုက်တယ်။ ရှစ်ယောက်ကိုတော့ချင်းအသင်းတော်တစ်ခုကို ချိတ်လိုက်ပြီး စားဝတ်နေရေး၊ လြုံခုံရေးအတွက် ဆောင်ရွက်ပေးဖို့ ပြောတာကိုတော့ ကြားလိုက်တယ်’ ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် ဒေါ်မြလှစံက ပြောဆိုသည်။
တင့်ဇော်ထွန်း
စံတော်ချိန်
Monday, September 11, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment