ဒီတစ်ခါမှာတော့ ပြည်တွင်းခရီးသွားများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ဝင်တစား သွားရောက်လေ့လာလည်ပတ်ကြတဲ့ သရေခေတ္တရာမြို့ဟောင်းအကြောင်း အကျဉ်းချုပ်ကို တင်ပြပေးချင်ပါတယ် …..
သရေခေတ္တရာမြို့ဟောင်းနေရာက ပြည်မြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ရှေးဟောင်းပျူမြို့တော်ဖြစ်ပါတယ်။ သရေခေတ္တရာ မြို့ဟောင်းမှာ မြို့ဟောင်းတို့ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မြို့ရိုး၊ ကျုံးနှင့် သာသနာအဆောက်အဦးများ၊ ဘုရား စေတီပုထိုးများကို ယခုတိုင်တွေ့ရှိနိုင်သေးသည်။
မြန်မာနိုင်ငံမှာ အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့ရဲ့ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးပါတယ်။ ထိုမြို့တော်သုံးခု မှာ မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊ ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာ မြို့များ ဖြစ်ကြပါတယ်။ အဲ့ဒီရှေးဟောင်းပျူမြို့တော်သုံးမြို့ထဲမှာ သရေခေတ္တရာကတော့ စည်ပင်အ၀ပြောဆုံးနဲ့ သာသနာရေးဆိုင်ရာ အဆောက်အဦးတွေ အပေါများဆုံးဖြစ်ခဲ့မယ်လို့ အထောက်အထားများအရ ခန့်မှန်းသိရှိနိုင်ပါတယ်။
သရေခေတ္တရာမြို့ဟောင်း တူးဖေါ်မှုကိုတော့ အင်္ဂလိပ်လက်ထက်ကတည်းက စတင်ခဲ့ကြတာဖြစ်ပြီး ခေတ်အဆက်ဆက် တူးဖေါ်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်မြို့ကို အလည်အပတ်ဘုရားဖူးလာကြသူအများစုက သရေခေတ္တရာ မြို့ကိုလည်း သွားရောက်လေ့လာလည်ပတ်ကြပါတယ် .....
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment