Wednesday, September 13, 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား- ၄၈]

မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံ ၁ စုံနှင့်ရီမုမိုင်း ၂ လုံးတွေ့ရှိ၊ လုံခြုံရေးကင်းစခန်း ၃ ခု မီးရှို့ဖျက်ဆီးခံရ

စက်တင်ဘာ ၁၃၊၂၀၁၇

 ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။

 ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုး များ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မောင်တောမြို့နယ် အတွင်းရှိ ချောင်းဝကင်းစခန်းများအား လိုက်လံစစ်ဆေးပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ မီးတိုက်ချောင်းဝ ကင်းစခန်း၊ နံ့သာတောင် ချောင်းဝကင်းစခန်းနှင့် သင်္ဘောလှ ချောင်းဝကင်းစခန်းတို့အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း။

ထို့ပြင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် တုံးချောင်း ချောင်းဝကင်းစခန်းသို့ ရောက်ရှိပြီး စခန်းပတ်လည်အား ရှင်းလင်းရာ ကင်းစခန်းနှင့် မီတာ ၁၀၀ အကွာရှိ လောင်းလှေတစ်စီးအပေါ်၌ ရီမုမိုင်း ၂ လုံးနှင့် မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံတစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)





No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...