အစိုးရ၀န်ထမ်းများ ယခုနှစ်အတွင်း ရက်ရှည်ရုံးပိတ်ရက် အများအပြားခံစားရမည်ဖြစ်သဖြင့် အပန်းဖြေခရီးထွက်ရန် ပြင်ဆင်နေကြဟုဆို
------ ------ ------ ----- -----
ယခုနှစ်အတွက် သီတင်းကျွတ် တရားဝင်ရုံးပိတ်ရက် ၅ ရက် ဖြစ်သွားသောကြောင့် ၀န်ထမ်းအများစု အပန်းဖြေခရီးထွက်ရန် ပြင်ဆင်နေကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ အချို့ထံမှ သိရှိရသည်။
သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၄၊ ၅၊ ၆ ရက်များသည် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်နှင့် တိုက်သွားသောကြောင့် သီတင်းကျွတ်ပိတ်ရက်မှာ ၅ ရက်ဖြစ်သွားရခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဆီကို လှမ်းပြီး ချိတ်ဆက်ကြတာတွေရှိပါတယ်။ သီတင်းကျွတ်မှာ ပိတ်ရက်က ၅ ရက်ဖြစ်သွား တော့ ဒီနှစ်လည်း ခရီးသွားတဲ့သူတွေ များပါလိမ့်မည်။ ၀န်ထမ်းတွေက အဖွဲ့လိုက်စာရင်းပေးကြတာ များပါ တယ်” ဟု ရွှေကျိုက်ထီးရိုးခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုနှစ်မှစတင်ကာ သင်္ကြန်ကာလရုံးပိတ်ရက်ကို ၁၀ ရက်မှ ၅ ရက်သို့ ပြန်လည်လျှော့ချခဲ့ပြီး သီတင်းကျွတ် ရုံးပိတ်ရက် ၃ ရက်၊ တန်ဆောင်မုန်းလတွင် ရုံးပိတ်ရက် ၂ ရက်နှင့် ဇန်န၀ါရီ ၁ ရက်ကို နှစ်သစ်ကူးရုံးပိတ်ရက် အဖြစ် သတ်မှတ်ရန် အစိုးရက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
“ပိတ်ရက်ကို ချောင်းသာသွားဖို့ စဉ်းစားထားတယ်။ သူငယ်ချင်းတွေနဲ့လည်း တိုင်ပင်ထားတယ်။ အရင်တုန်း ကဆို သင်္ကြန်ပဲ ရက်ရှည်ပိတ်တာလေ၊ အခု သီတင်းကျွတ်ပါပိတ်တော့ ၀န်ထမ်းတွေအတွက် ကောင်းပါ တယ်။ အေးအေးဆေးဆေး အနားယူလို့ ရတာပေါ့” ဟု ၀န်ထမ်းတဦးက ပြောသည်။
ထို့ပြင် တန်ဆောင်တိုင် ရုံးပိတ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့သည် ကြာသပ တေးနေ့နှင့် သောကြောနေ့ဖြစ်သောကြောင့် စနေ၊ တနင်္ဂနွေပိတ်ရက်နှင့် တဆက်တည်းဖြစ်သွားသော ကြောင့် ၀န်ထမ်းများအတွက် ပိတ်ရက် ၄ ရက်ရရှိမည်ဖြစ်သည်။
“သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းမှာ ပိတ်ရက်တွေ ဆက်နေတယ်။ နှစ်သစ်ကူးရုံးပိတ်ရက်က တနင်္လာနေ့ဖြစ် နေတော့ စနေ၊ တနင်္ဂနွေနဲ့ဆက်ပြီး ၃ ရက်ဖြစ်သွားတယ်။ ခရီးစဉ်တွေကတော့ ပိတ်ရက်တွေတိုင်း သွားနိုင် အောင် စီစဉ်ပေးနေပါတယ်။ သီတင်းကျွတ်ပိတ်ရက်အတွက် ၀န်ထမ်းအများစု စိတ်ဝင်စားမှုရှိပါတယ်။ မေးမြန်း မှုတွေလည်း လုပ်နေပါတယ်” ရွှေချောင်းသာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူးရုံးပိတ်ရက်များအပြင် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်၊ ကရင်နှစ်သစ်ကူးပိတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက်၊ ခရစ္စမတ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက်များသည် တနင်္လာနေ့များတွင် ကျရောက်သဖြင့် ၀န်ထမ်းများအနေဖြင့် ၃ ရက်ဆက် ပိတ်ရက်များ ခံစားခွင့်ရရှိကြမည်ဖြစ်သည်။
အစိုးရရုံးပိတ်ရက်များ ပြင်ဆင်သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
နန္ဒမျိုးဆောင်
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment