တာဝန်ဝတ္တရားဆောင်ရွက်နေသူများအား ညစ်ညမ်းစကားများပြောဆိုကာ ဟန့်တားနှောင့်ယှက်သူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
--------- -------- ---------
စက်တင်ဘာ ၄ ရက်နေ့ ၁၂နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲထူးကျော်သည် တောင်ပိုင်းခရိုင်စည်ပင်ဌာနခွဲမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး၊ အမှတ်(၃၄) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် ဦးအောင်မြတ်လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်ထားသော မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ကာ အရေးယူဆောင်ရွက်နေစဉ် ဦးအောင်မြတ်လမ်းထောင့်ရှိ ယာဉ်မောင်းသင်တန်းကျောင်းရှေ့ ယာဉ်မရပ်ရ နေရာတွင် ရပ်ထားသော 1D---ယာဉ်အားတွေ့ရှိသဖြင့် ချလံဖြတ်အရေးယူဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်ပိုင်ရှင် ဖြစ်သူ ကျော်စိုးဝင်း(ခ)ယူစွတ်မှ ပူးပေါင်းအဖွဲ့အား ညစ်ညမ်းသည့်စကားများပြောဆိုကာ ဘာသာသာသနာအားစော်ကားသည့်အပြင် ပူးပေါင်းအဖွဲ့၏ တာဝန်ဝတ္တရားဆောင်ရွက်နေမှုအပေါ် နှောက်ယှက်ဟန့်တားခဲ့သဖြင့် ကျော်စိုးဝင်း(ခ)ယူစွတ်အား စက်တင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်း(ပ)၅၀၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၉၅-က/၁၈၆ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်စိုးဝင်း(ခ)ယူစွတ်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက် ရှိစဉ် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြစ်မှုကျူးလွန်သူကိုယ်တိုင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သဖြင့် ဥပဒေအကြံပြုချက်နှင့်အညီ တရားရုံးသို့တရားစွဲဆိုတင်ပို့ပြီးကြောင်း သတင်းရရှိပါသည်။
photo-Yangon Police
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment