Tuesday, September 12, 2017

ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော် လည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသာ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးကျော်ဇေယျက News Watch သို့ ပြောကြားသည်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူအဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြမည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ပထမသွားမယ် ဘာညာဆိုတာလည်း တကယ်တမ်း အတိအကျတော့ ဆုံးဖြတ်ထား တာမရှိပါဘူး။ အလေးပေးပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတဲ့အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအဖွဲ့ ခေါင်းဆောင်အဖြစ် သွားဖို့ စီစဉ်နေပါတယ်။ ဒီနေ့ပဲ ဗီဇာလျှောက်တဲ့ကိစ္စတွေ ဆောင်ရွက်နေပါတယ်။ အစည်း အဝေးက ၁၂ ရက်နေ့ ကျင်းပမယ်ဆိုပေမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့က ၂၀ ရက်နေ့ နောက်ပိုင်းမှ အစည်း အဝေးမှာ တက်ရောက်ဆွေးနွေးမှာပါ” ဟု ဦးကျော်ဇေယျက ပြောသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက်ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မိန့်ခွန်းပြောကြားခဲ့သည်။

နှင်းမောင်ဦး

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...