အဖက်ဖက်ကတွေးကြည့်ရင်းနဲ့...
✍🏻✍🏻✍🏻✍🏻✍🏻✍🏻
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
၂၀၁၇ မှာ သမ္မတ ထက် အရေးကြီးတဲ့ ကိစ္စကတော့ မြန်မာ့တပ်မတော် နျုကလိယား လက်နက် ပိုင်ဆိုင်ရေးပဲ ဖြစ်ပါတယ်။ ကျုပ်တို့အနေနဲ့ မြက်စားရင် စားရပလေ့စေ နျူလက်နက် ရအောင် ထုတ်ကိုထုတ်ရပါမယ်။ နျူလက်နက် ပိုင်ဆိုင်ကို ပိုင်ဆိုင်ရတော့မယ့် အခြေအနေရောက် နေပါပြီ။ အကြောင်းကတော့
အာရှပစိဖိတ် တရုတ်လွှမ်းမိုးမှု ကနေ ကာကွယ်ဖို့ အမေရိကန်က လှုပ်ရှားလာ ပါပြီ။ နျူလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အင်အားကြီး နိုင်ငံနှစ်ခုကြားမှာရှိတဲ့ ဒေသတွင်းနိုင်ငံလေးတွေထဲက မြန်မာပြည်အနေနဲ့ တပ်မတော်အင်အား မတောင့်တင်းရင် ဟိုလူ့မျက်ချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရ ဟိုလူ့အကြိုက်လုပ်ရ ဒီလူ့အကြိုက်လုပ်ရနဲ့ ဖာသယ်လိုနိုင်ငံ ဖြစ်ရပါတော့မယ်။
တရုတ်ပတ်လည် ကို အမေရိကန်တွေ သြဇာဖြန့်နေပါတယ်။
Pakistan , Afghanistan လို နိုင်ငံတွေမှာ Taliban အစ္စလာမ် အကြမ်းဖက်တွေ အကြောင်းပြပြီး Nato တပ်တွေ စွဲထားပါတယ်။ NATO ဆိုတာ G-8 တွေ ပါတယ်ဆိုပေမယ့် အမေရိကန် ပြီးရင် ပြီးတဲ့ အဖွဲ့အစည်းပါ။ ဆွန်နီတွေကို လက်နက်ခိုးရောင်းပြီး CIA ကနေ မြှောက်ပေးတာလည်း အမေရိကန်ပါပဲ။ ပြဿနာတက်ရင် NATO တပ်ကြီးလွှတ်ပြီး လူကြားကောင်းအောင် ဝင်ထိန်းတာလည်း အမေရိကန်ပါပဲ။ အဓိကကတော့ တရုတ်ပတ်လည်မှာ သူ့သြဇာခံ စစ်တပ်တွေ ချချင်တာပါပဲ။ ဘင်္ဂလားဒေရှ့်က ငတ်ပြတ်နေတဲ့ RSO တွေ အင်အားတောင့်လာတာလည်း အမေရိကန်စနက် မကင်းပါဘူး။ ရခိုင်ကနေ ရိုဟင်ဂျာပြည်နယ်ခွဲထွက် ခိုင်းပြီး UN ကနေ အသိအမှတ်ပြုပေးဖို့ ကြံနေပါတယ်။ ပြီးရင်တော့ ရိုဟင်ဂျာပြည်နယ်အသစ်ကို အမေရိကန်တပ်တွေ ကိုယ်တိုင်မဟုတ်တောင် သူတို့သြဇာခံ ဘင်္ဂလီလက်နက်ကိုင်တွေ ချထားမှာအသေအချာပါပဲ။ ဒါဆိုရင် အမေရိကန်ရဲ့ တရုတ်ပတ်လည်ဝိုင်းတဲ့ မဟာဗျူဟာ ဟာ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာကို တိုက်ရိုက် ထိခိုက်လာရပါပြီ။ အမေရိကန်ရဲ့ မဟာဗျူဟာမှာ ရခိုင်မြေကို ဘင်္ဂလီတွေလက်ထဲ ထိုးထည့်ဖို့အထိ ပါပါတယ်။ အဓိကကတော့ ၄င်းခိုင်းသမျှ လုပ်မယ့် တပ်တွေ ချထားချင်တာပါပဲ။ မြန်မာ့တပ်မတော်အနေနဲ့ ခိုင်းတာ လုပ်မည် မဟုတ်သည့်အတွက် တရုတ်ကို ပိတ်ဖို့မလွယ်ပါဘူး။ ရခိုင်မြေကိုသာ ဘင်္ဂလီတွေ ပိုင်ဆိုင်ခဲ့ရင် ဘင်္ဂလီတပ်တွေဟာ တရုတ်ကို ထွက်မရအောင် ပိတ်ပေးမယ့် ကောင်တွေပါပဲ။
တောင်တရုတ်ပင်လယ် မှာတော့ Japan ရေတပ်ကို အမေရိကန်က ကိုင်ထားပါတယ်။ ရေပိုင်နက် အငြင်းပွားမှု အနေနဲ့ Japan အသာ ရအောင် UN က ဆုံးဖြတ်တဲ့ နေရာမှာ အမေရိကန် သြဇာ သက်ရောက်တဲ့ Japan အသာရအောင် ဆုံးဖြတ်ပေးပါတယ်။ The Bay of Bengalar ဘင်္ဂလားပင်လယ်အော်ဟာ လည်း တရုတ် အနောက်ထွက်ပေါက် ဖြစ်နေပါတယ်။ မြန်မာက ကြားခံ နိုင်ငံ ဖြစ်နေရပါတော့တယ်။ ဘင်္ဂလားမြန်မာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့စဉ်က UN က ဘင်္ဂလားအသာရအောင် ဆုံးဖြတ်ပေးပါတယ်။ ဘင်္ဂလား Navy Sea ဟာ အမေရိကန် control အောက်မှာပဲ ရှိပါတယ်။ နှစ်စဉ် ရေကြီးမြေပြိုနေတဲ့ Bangladesh ဟာ UN က NGO တွေ နဲ့ အတူ အမေရိကန် ကို အားကိုးနေရပါတယ်။ အမေရိကန်ကလည်း တစ်ဖက်လက်နဲ့ ဘင်္ဂလားရေတပ်ကို သင်္ဘောနဲ့နည်းပညာ လှူပြီး ဘင်္ဂလားရေတပ်ကို ဖြည့်တင်းပေးနေပါတယ်။ အကြောင်းကတော့ BOB ဘင်္ဂလားပင်အော်ကို ချုပ်ကိုင်ပြီး တရုတ်ထွက်ပေါက်ကို ၄င်းသြဇာခံ ဘင်္ဂလားရေတပ်နဲ့ ပိတ်ချင်လို့ပါပဲ။ ဒါဆိုရင် အမေရိကန်ရဲ့ တရုတ်ထွက်ပေါက်ပိတ်တဲ့ မဟာဗျူဟာ ဟာ မြန်မာပြည်ရဲ့ ရေပိုင်နက် အချုပ်အခြာ အာဏာကို တိုက်ရိုက် ထိခိုက်လာရ ပါပြီ။
ရေမစိမ်ဘဲ ပွတာကတော့ ဘင်္ဂလားပါပဲ။
ယိုးဒယားစစ်တပ်ဟာလည်း အမေရိကန်ရဲ့ မယားပါသား သာသာပဲ ရှိပါတယ်။ တစ်ချိန်က Cobra Gold operation လို့ခေါ်တဲ့ ရန်ကုန်မြို့သိမ်း စစ်ဆင်ရေးပုံစံတူကို ယိုးဒယားတွေ လုပ်နေခဲ့တာဟာ အမေရိကန်ရဲ့ ထောက်ပံ့မှုကြောင့်ပါ။ မြို့တော်ဟာ နေပြည်တော်ကို ရွှေ့သွားတဲ့အတွက် အမေရိကန် ငုပ်တုတ် မေ့ခဲ့ရတော့ တာပါပဲ။ ဗုံးကြဲမရ ဒုံးခွင်းမရတဲ့ မြေအောက် ရေဒါ tracking အော့ဖ်ဆက် တွေ လေကြောင်းရန် ကာကွယ်ရေး တပ်တွေ တိုင်းနဲ့ပြည်နယ် အားလုံးကို ဆက်သွယ်ထားတဲ့ မြေအောက် လှိုင်ခေါင်း ထဲက ဒုံးတပ်ဖွဲ့တွေ ဆုံရာ နေပြည်တော်ကို ဘယ်လေကြောင်းမှ မတိုက်ခိုက် နိုင်ပါဘူး။ ယိုးဒယားကို မြောက်ပေးပြီး မြန်မာပြည် တက်သိမ်းခိုင်းမယ့် အကြံလည်း ဒေါ်လာတွေ သန်းနဲ့ချီကုန်ပြီး အလကားဖြစ်သွား ရပါတော့တယ်။
တိုက်ရည်ခိုက်ရည်မှာ S.E.A ထိပ်တန်းစားရင်းဝင်တဲ့ တပ်မတော်ရှိပြီး စစ်ရေးအမြင်ကြွယ်ဝတဲ့ မြန်မာပြည်ကို အမေရိကန်တွေ Control လုံးဝ လုပ်မရဘူး။
ဒီတော့ အမေရိကန်ဟာ စစ်ရေးအမြင် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သမ္မတဖြစ်အောင် ထောက်ပံ့တာပဲ ဖြစ်ပါတယ်။
အကယ်လို့ ဒေါ်စုတက်ရင် အမေရိကန်ဟာ မြန်မာ့တပ်မတော် ဘက်ဂျက်ကို ဒေါ်စုကဆင့်လျှော့ချပြီး အင်အားချိနဲ့အောင် လုပ်မှာအမှန်ပါပဲ။
FUA အမည်ခံ ပြီး အမေရိကန် တစ်ချိန်က ယိုးဒယားကတစ်ဆင့် ထောက်ပံ့ ခဲ့တဲ့ လက်နက်ကိုင်တွေကို ဒေါ်စုကတစ်ဆင့် တပ်မတော်ထဲထည့်ဖို့လုပ်မှာပါပဲ။
အဓိကကတော့ control လုပ်ချင်တာပါပဲ။ တရုတ်ကို ပိတ်ဖို့ မြန်မာပဲ ကျန်ပါတော့တယ်။
မြန်မာကို အမေရိကန် control လုပ်ခွင့်ပေးရင် တရုတ်က KIA ကို လက်နက်ငွေကြေးထောက်ပံ့ပြီး ပြည်တွင်းစစ်ကို နောက်ကွယ်က ဓါတ်ဆီလောင်းပါတယ်။ ကချင်စစ်ပွဲ စတင်တာဟာ အမေရိကန်နဲ့ မြန်မာ အဆင်ပြေလာတဲ့ အချိန်က စပြီး KIA ဘက်က စဖောက်လာလို့ပါ။ လိုင်ဇာဌာနချုပ်ဟာ တရုတ်ကို ခွပြီး တည်ထားတာကို ကြည့်ရင် မြန်မာ့တပ်မတော် ကို တရုတ်နဲ့ ကျားကန်ထားတာသိသာပါတယ်။
အမှန်တော့ မြန်မာပြည်ဟာ တရုတ်နဲ့အမေရိကန် အားပြိုင်မှုကြားက အချုပ်အခြာအာဏာထိပါးခံနေရတာပါ။ ပြည်ထောင်စုလည်း အဖြိုခွဲခံနေရတယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်အနေနဲ့ အမေရိကန်နဲ့ တစ်ချိန်ချိန်ပြဿနာ တက်တဲ့အခါ အရှေ့ အနောက် တောင် မြောက် ပတ်လည်မှာ အာဖကန် ပါကစ္စတန် ထိုင်း ဟောင်ကောင် ဂျပန် ပစိဖိတ် ဘင်္ဂလား စတဲ့အထဲမှာ မြန်မာသာ ထွက်ပေါက် မျှော်လင့် ချက်ရှိပါတော့တယ်။
သူ့အနေနဲ့အမေရိကန်ဘက်မပါအောင် မြန်မာပြည်တွင်းစစ်ကို ဓါတ်ဆီလောင်းမှာပဲ။ အမေရိကန်ကလည်း နိုင်ငံရေးနဲ့ အချုပ်အခြာအာဏာကို တစ်ဖက်လက်နဲ့ ရယူမှာပါပဲ။
ဒါ့ကြောင့် အမေရိကန်နဲ့တရုတ်တို့ ကြားက သိသိကြီးနဲ့ ကစားခံနေရတဲ့ မြန်မာဟာ အမေရိကန်တို့ တရုတ်တို့ နည်းတူ နျူလက်နက် ပိုင်ဆိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဘယ်ထီးရိပ်အောက် ခိုရမှန်းမသိတဲ့ ကစားစရာ အရုပ်တစ်ရုပ်လို လုပ်သမျှ ခံနေရမှာပဲ။ ကြားက လုံးပါးပါး ပါးရမယ့် အခြေအနေရောက်နေပါပြီ။
ဒါ့ကြောင့် ၂၀၁၇ မှာ ဘယ်သူတက်တက် နျူလက်နက် ပိုင်ဆိုင်အောင် လုပ်သင့်တယ်လို့မြင်ပါတယ်။ နျုလက်နက်မပိုင်ဆိုင်ပါက လူမလေးခွေးမခန့် လုပ်ချင်သလို လုပ်နေတာ ခံရဦးမှာပါပဲ။
ကျုပ်တို့မြန်မာပြည်ဟာ ဒီမိုကရေစီရပြီး ဘယ်လောက် လွတ်လပ်ပါစေ သူများနည်းတူ အဆင့်မြင့် လက်နက် မပိုင်ဆိုင်ထားရင် ဟိုလူလုပ်တာခံရ ဒီလူလုပ်တာခံရနဲ့ ဖာသယ်လို နိုင်ငံကြီးဖြစ်နေမှာပါပဲ။
🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼🙏🏼
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment