Sunday, September 10, 2017

မစ္စ ယန်ဟီးလီအား မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ စာတမ်းတင်သွင်းသူ အဖြစ်တာဝန်အပ်နှင်းထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဥက္ကဌထံ အာရှလူ့အခွင့်အရေးဗဟိုအဖွဲ့တောင်းဆို

မစ္စ ယန်ဟီးလီအား မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ စာတမ်းတင်သွင်းသူ အဖြစ်တာဝန်အပ်နှင်းထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဥက္ကဌထံ အာရှလူ့အခွင့်အရေးဗဟိုအဖွဲ့တောင်းဆို

နယူးဒေလီ၊ စက်တင်ဘာ ၁၀

မစ္စ ယန်ဟီးလီအား မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ စာတမ်းတင်သွင်းသူ အဖြစ်တာဝန်အပ်နှင်းထားခြင်းကို ပြန်လည် ရုပ်သိမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဥက္ကဌထံသို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် အာရှလူ့အခွင့်အရေးဗဟိုအဖွဲ့(Asian Centre for Human Rights)မှ ဒါရိုက်တာ Paritosh Chakma ၏ လက်မှတ်ဖြင့် စာတစ်စောင်ရေးသား၍တောင်းဆိုလိုက်ကြောင်းသိရသည်။

စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့်ရေးသားထားသော ၅၁ မျက်နှာရှိ အဆိုပါ စာဝယ် မစ္စယန်ဟီးလီသည် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ စာတန်းတင်သွင်းသူအဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အပ်နှင်းထားသူတစ်ဦးလိုက်နာရမည့် ကျင့်ဝတ်အချို့ကို ထင်ထင်ရှားရှားချိုးဖောက်ခဲ့ခြင်းအတွက် သူ့အား အပ်နှင်းထားသောတာဝန်ကို ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်တောင်းဆိုခြင်းဟု ခေါင်းစဉ်တပ်ရေးသားထားသည်။ ယင်းစာဝယ် အထောက်အထား သတင်းများကိုပါ နောက်ဆက်တွဲများအဖြစ် ပူးတွဲထည့်သွင်းတင်ပြထားသေးသည်။

အာရှလူ့အခွင့်အရေးဗဟိုအဖွဲ(Asian Centre for Human Rights)သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် ဌာနချုပ်အခြေစိုက်ဖွင့်လှစ်ထားသည့် NGO အဖွဲ့ တစ်ခုဖြစ်ပြီး အာရှဒေသများအတွင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များတိုးတက်ခိုင်မာရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

Popular  News .
Thet Naing
.

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...