သူရိယနေ၀န်း လော်ဘီဝိုင်းတော်သားများသို့ အိတ်ဖွင့်ပေးစာ
-------------------------------------------------------------ရေးသူ ကျော်လင်း (ရောင်စုံ)
#သူရိယနေ၀န်းမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ဟာ ၈၈ ကျောင်းသားဟောင်းကိုမိုးဟိန်းပါ။
ပထမ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ စစ်အုပ်စုကိုငယ်ကျိုး ငယ်နာဖော်ပြီး ရှေ့ကနေ ဦးဆောင်ပြီး ဆဲပြတော့ မေမေအုပ်စုတွေ အကြိုက်တွေ့စေပြီး ဒီမိုကရေစီအစိုးရလိုလားသူများအတွက်ရော ဒိုးဒိုးဒေါက်ဒေါက် ပြောမှ ကြိုက်တဲ့သူအတွက်ရော သဘောတွေ့စေခဲ့တဲ့ အတွက် စောင်ရေအတော်များများထုတ်ခဲ့ရပါတယ်။
တစ်ဖက်ကကြည့်ရင် စစ်အုပ်စုဟာ မိမိတို့ကို ပြန်ပြီး ဝေဖန်နိုင်တဲ့သူတွေကို တစ်ဖက်လှည့်နဲ့ လမ်းဖွင့်ပေးခဲ့တာပါ။ဒါမှ မီဒီယာလွပ်လက်မှုနှင့်ပြောလာ သူတွေကို ဒီမှာကြည့် ငါတို့ကို အဲသလောက်ထိပြောတာတောင် ဘာမှမလုပ် ဘူးဆိုပြီး သူရိယနေ၀န်းကို လက်ညိုးထိုးပြလိုက်ရုံပေါ့။းဒီလိုဆိုတော့ သူရိယ နေ၀န်းဟာ တစ်ဖက်လှည့်နဲ့စစ်အုပ်စုရဲ့လော်ဘီဖြစ်မှန်းမသိဖြစ်နေ ခဲ့တာပါ။
ဘာကြောင့်လဲ ကိုးကန့်အရေးမှာလည်း ကိုးကန့်တို့၊၀တို့ကို အပြတ်တိုက်ရမယ်ဆိုပြီး တော်လှန်ရေးသဘောသဘာဝကို နားမလည်ပဲ အရူးချီးပန်းလျှောက်ရေးပါတယ်။အခုလည်း လိုင်းပေါ်မှာရော၊ ဗမာလူမျိုးတချို့ရော ရခိုင့်တပ်မတော် AAကို အပြင်းအထန်ဝေဖန်ကြချိန်မှာ သူရိယနေ၀န်းကလည်း ဂွင်တစ်ဂွင်တွေ့ပြီဆိုပြီး လုပ်ချလာတာပါ။
ဒီနေရာမှာ ကျနော်ပြောလိုတာက ဒီထဲက တင်ထားတဲ့ပို့စ်တွေကိုသာ ကြည့်ပါ။ကျနော်ဟာ AA မှ AA အမေမှ အမေ ဒေါက်တာအေးမောင်မှ ဒေါက်တာအေးမောင်ဆိုတဲ့ လူစားမျိုးမဟုတ်ပါဘူး။စာနယ်ဇင်းသမားတစ်ယောက်အတွက် အမြဲတမ်းကောင်းတဲ့ပါတီ၊အမြဲတမ်းလေးစားထိုက်တဲ့ အစိုးရဆိုတာ ရှားပါလိမ့်မယ်။လေးစားရင်လည်း အားနည်းချက်တွေကို ဝေဖန်ထောက်ပြ ရမှာပဲ။
ဆက်ပြီးပြောရရင် သူရိယနေ၀န်းရဲ့အယ်ဒီတာဖြစ်တဲ့ ကိုမိုးဟိန်းဟာ ဒီမိုကရေစီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ၈၈ အဖွဲ့ဝင်ကျောင်းသားထဲကတစ်ဦးပါ။
ကျနော် ABSDF က ကိုအောင်နိုင်ဦးရဲ့ဆွေးနွေးမှုတစ်ခုကို ကြုံခဲ့ဖူးပါတယ်။
ဆိုလိုတာက တော်လှန်သူတွေကို အထင်သေးတယ်ဆိုတာ အုပ်ချုပ်သူရဲ့ အကျင့်စရိုက်ပါ။အခုက အုပ်ချုပ်သူတွေရဲ့အမှုအကျင့်တွေ၊အပေါ်ဖား အောက်ဖိစိတ်ဓာတ်တွေကို ကိုမိုးဟိန်းကိုယ်တိုင် ကျင့်သုံးနေတာပါ။
ဘာကြောင့်လဲ တပ်မတော်ဆိုတာကို ဘာကြောင့်ဖွဲ့ကြတာလဲ။အထူးသဖြင့် တော်လှန်တဲ့တပ်မတော်ပေါ့။ ကိုမိုးဟန်းတက်ခဲ့ဖူးပြီး တစ်ပိုင်းတစ်စနဲ့ထွက်လာတဲ့ မြန်မာ့တပ်မတော်ရဲ့ ဗိုလ်သင်တန်းကျောင်းဆိုတာလည်း တော်လှန်သူတွေအစပြူတည်ထောင်ခဲ့တာပါ။
အဲဒီလိုပဲ ၈၈ နောက်ပိုင်းမှာ အာဏာရှင်စနစ်ကို မကြိုက်တဲ့သူတွေထဲမှာ စစ်အုပ်စုကိုတော်လှန်ဖို့ ဗမာလူမျိုးတွေကိုယ်တိုင်ပဲ လက်နက်ကိုင်ခဲ့ရတာပဲ မဟုတ်လား။
တကယ်တမ်း လက်ညိုးထိုးကြေးဆိုရင် ဗမာစစ်အာဏာရှင်တွေ ဗိုလ်ကျစိုးမိုးတုန်းက တော်လှန်တဲ့ ဗမာတပ်မတော်တွေအထဲကို ၀င်ပြီး ဘာလုပ်ပေးနိုင်ခဲ့ပါသလဲ။ဆိုလိုတာက ကမ္ဘာ့မီဒီယာတွေမှာ သတင်းပေးတယ်။စစ်အုပ်စုမကောင်းကြောင်းကို ကမ္ဘာကိုတိုင်တည်တာလောက်ပဲ လုပ်နိုင်ခဲ့တာပဲ။ ဆိုလိုတာက တော်လှန်တဲ့ အုပ်စုတစ်ခုကို ပြည်ထဲရေးကိစ္စတစ်ခုဖြစ်လာတိုင်းဘာမှ လုပ်မပေးဘူးလားဆိုတာ အလွန်ရယ်စရာ ကောင်းပါတယ်။
ပြည်သူတစ်ယောက်အနေနဲ့ကျနော်တို့လည်း ပေါက်ကွဲတာပဲ။ဘာကြောင့် ၀င်မလာရတာလဲပေါ့ ။
ဒါပေမယ့် ကျောက်ဖြူရျွေဂစ်ကို နှစ် ၃၀ တရုတ်ကိုရောင်းစားထားတာ အစိုးရပဲ။မဒေးကျွန်းရေနက် ဆိပ်ကမ်း၊တောင်ကုတ် နေပူတောင်၊ကုလားတန် စီမံကိန်းစတဲ့ နေရာတွေက ရောင်းထားသမျှတွေကို ပြည်ထောင်စုအစိုးရကပဲ မောင်ပိုင်စီးထားတဲ့ ရခိုင်တစ်မျိုးသားလုံး မကဘူး။တစ်ကမ္ဘာလုံးက သိပါတယ်။တကယ်တမ်း မောင်တောကိစ္စကို တင်းပြည့်ကျပ်ပြည့် အစိုးရက ကူညီရင်တောင် ခုရထားတဲ့ ဘက်ဂျက်ရဲ့ အပုံတစ်ထောင်မှာ တစ်ပုံတောင် မကုန်နိုင်ဘူးဆိုတာ သူရိယနေ၀န်းအုပ်စု သိမှာပါ။
ရခိုင်တွေဘာကြောင့် တော်လှန်ရလဲ။
ရခိုင်တွေမပြောနဲ့ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်သမိုင်းကိုလေ့လာကြည့်လိုက်ပါ။ တိုင်းရင်းသားတိုင်း လက်နက်မကိုင်တဲ့လူမျိုးမရှိပါဘူး။
ဘာကြောင့်လဲ နေရာတိုင်း နေရာတိုင်းမှာ ဘက်မမျှမှုတွေကို ဗမာလူမျိုးကြီး ၀ါဒက လွှမ်းမိုးထားလို့ပါ။
၂၀၁၀ ခုနှစ်အထိ စစ်တွေမှာ မီးတစ်မီတာကို ၄၇၅ ကျပ်ပေးရပါတယ်။
ရန်ကုန်မှာ တစ်မီတာကို ၂၅ ကျပ်ပါ။
ကိုမိုးဟိန်းတွက်ကြည့်ပါ။ဘယ်လောက်ကွာဟပါသလဲ။ဒါကျောက်ဖြူရွှေဂတ်စ်ကနေ တစ်နှစ်မှာ ဒေါ်လာ ၁၉၃ သန်းကျော်ရရှိနေတဲ့ ရခိုင်ဒေသနော်။
နောက်ပြီး လမ်းတွေ၊ကျောင်းတွေ။
စစ်တွေမြို့လယ်မှာရှိတဲ့ ကုန်တန်းရပ်ကွက်က လမ်းဟာ မိုးခေါင်ရေရှား အညာဒေသက လမ်းတွေလို ကတ္တရာသားမရှိဘူး။ခု လွှတ်တော်သက်တမ်း ၂ ကြိမ်ရှိတာတောင် အဲဒီလမ်းက ခုထိ အကောင်းအတိုင်းမဖြစ်သေးပါဘူး။
ဒီတိုင်းပြည်က သယံဇာတလို ပျဉ်းမနားကထွက်သလား။
အညာဒေသက ထွက်သလား။
ရန်ကုန်တိုင်းက ထွက်သလား။
မထွက်ပါဘူး.
ဒါဆိုသယံဇာတထွက်တဲ့ ရခိုင်ပြည်နယ်ကို ဒီအတိုင်းထားပြီး သယံဇာတဘာမှမထွက်တဲ့ ဗမာပြည်မဖက်ကိုပဲ တိုးတက်လှပအောင် လုပ်တာဟာ ခွဲခြားဆက်ဆံခံရတယ်လို့ ရခိုင်လူမျိုးတွေ ခံစားကြပါတယ်။
မြန်မာပြည်သူတွေလည်း စစ်အုပ်စုဒဧ်ကို ခံစားကြရတာပဲ။
နားလည်ပါတယ်။
ဒါပေမယ့် ဗမာပြည်သူတွေခံစားကြရတာဟာ ကိုယ့်လူမျိုး ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စစ်တပ်က ယိုယွင်းလာတဲ့နောက် ခံစားကြရတာ။
ဒါပေမယ့် အသေအချာပြန်တွေးကြည့်ပါ။
ကျောင်တန်းဒေသက ဦးခင်ညွှန့် အထွတ်အထိပ်ရောက်တော့ သံလျင် လယ်ကွင်းတွေကနေ ကျောက်တန်းဘုရားထိ ကတ္တရာလမ်းတွေ ဆောက်လုပ်ပေးခဲ့တယ်။
ပြည်မြို့သား ဦးနေ၀င်း အထွတ်အထိပ်နေရာရောက်တော့ ပြည်-ရန်ကုန် ကားလမ်း-ရထားလမ်းတွေ ပိုပြီး အဆင်ပြေအောင်လုပ်ခဲ့တယ်။
ပြည်တစ်ခွင် သာယာအောင်လုပ်ခဲ့တယ်။
ကျောက်ဆည်သား ဦးသန်းရွှေ အထွတ်အထိပ်ရောက်တော့လည်း အညာတစ်ခွင်မှာ သာယာအောင်လုပ်ခဲ့တာပဲ။
သမိုင်းနှင့်လုပ်ကွက်တွေကိ မညာတမ်းသာပြန်ကြည့်ပါ။ ဗမာအရာရှိကြီးတွေ ဟာ ညာတကာတွေကို ကြည့်ရှုခဲ့တာ၊ဗမာတွေနေတဲ့နေရာဒေသကို သာယာ အောင်လုပ်ခဲ့တာတွေ့ရပါလိမ့်မယ်
ရန်ကုနု-မန္တလေး ကားလမ်း မိုင်ပေါင်း ၄၀၀ ကျော်ဟာ ကားတွေစမတ်ကျကျ သွားလို့ရပါတယ်။ စစ်တွေ-ရန်ကုန်ကားလမ်း မိုင်ပေါင်း ၆၀၀ ကျော်ဟာ ၂၀၁၅အထိ အကောင်းပကတိ မရှိသေးပါဘူး။ဖာလိုက် ထေးလိုက်ပါ။
ဒါတောင် ပြည်ကနေ အမ်းထိတော့ ကောင်းပါသေးတယ်။အမ်းကနေ စစ်တွေက မနှစ်ကမှ လုပ်ပါသေးတယ်။ဒါဟာ ခွဲခြားဆက်ဆံမှုလို့ ရခိုင်တွေ ခံစားကြပါတယ။
ဒါတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားဒေသတွေ ခံစားနေကြတဲ့ကိစ္စတွေပါ။ဒါကြောင့် မိမိဘ၀ကို စွန့်လွှတ်ပြီး တော်လှန်သူတွေဘ၀ကို ရွေးချယ်ကြရတာပါ။
ကိုမိုးဟိန်းတောင်မှပဲ ဒီမိုကရေစီအရေးမှာ ပါဝင်မိခဲ့လို့ မိသားစုနဲ့ကွဲပြီး အိမ်ပြန်ချိန်ကို စောင့်နေခဲ့တဲ့သူပဲ။တော်လှန်သူတွေရဲ့ဘ၀မှာ တစ်သီးပုဂ္ဂလ ခံစားခွင့်တွေကို ဘယ်လောက်ထိ စွန့်လွှတ်ထားရတယ်ဆိုတာ နားလည်ပါ လိမ့်မယ်။
ဒီတော့ ခုရခိုင်ပြည်မှာ ရခိုင်တွေကို ကိုယ်စားပြုချင်လို့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်။ရခိုင်ပြည်တပ်မတော်။အခု ရက္ခိုင့်တပ်မတော်(AA) ဆျိုပြီး ပေါ်လာပါတယ်။
တချို့လိုအပ်ချက်တွေကို ကျနော်တို့လည်း ပက်ပက်စက်စက် ဝေဖန်တာတွေ ရှိပါတယ်။
ဒါပေမယ့် ပုံနိပ်စာကနေ မဝေဖန်ပါဘူး။ဘာကြောင့်လဲ တော်လှန်ရေးဆိုတာ မပြည့်စုံလို့တော်လှန်တာလေ။ပြည့်စုံရင် အစိုးရဖြစ်မှာပေါ့။
နောက် ဘ၀ကို မမေ့ပါနဲ့။အထူးသဖြင့် တော်လှန်သူတို့ရဲ့ဘ၀ပေါ့...
မြန်မာ့လွတ်လပ်ရေးဖခင်ကြီးလို့ အသိအမှတ်ပြုခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်း တောင် ရဲဘော်သုံးကျိပ်မှာ ၂ ဦးသေသွားတဲ့အခါ ၂၈ ဦးသာ ကျန်ခဲ့တာကနေ လူ ၂၈ ဦးနဲ့ဗိုလ်ချုပ်ဖြစ်လာခဲ့သေးတာပဲ။
မိမိရဲ့အစုအဖွဲ့ကို ခေါင်းဆောင်ပြီး အင်အားစုတစ်ရပ်တည်ဆောက်ထားတဲ့ ရက္ခိုင့်တပ်မတော်(AA) ရဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ကို သူ့ကိုထောက်ခဲသူတွေက ဗိုလ်ချုပ်လို့ခေါ်တာ သူ့ကိုယ်သူ ဗိုလ်ချုပ်လို့သတ် မှတ်တာ ဘာမှ စောဒက တက်စရာမလိုဘူးထင်ပါတယ်။
နောက် မြန်မာ့တပ်မတော်အရာရှိငယ်တစ်ယောက်က ပြောပါတယ်။ ဘာ ပြိုင် မယ် ညာပြိုင်မယ်ဆိုပြီးတော့ပေါ့။
ဒါဟာ တော်လှန်ရေးတစ်ရပ်သာဖြစ်ပြီး သူနိုင်တဲ့အပိုင်းမှာ သူလုပ်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် ချစ်ကြသလဲ။ တိုင်းပြည်ကို ချစ်လိုပါ။ဒီတော့ အင်္ဂလိပ်တွေဟာ လူယဉ်ကျေးတွေလို ဟန် ဆောင်ကြသူပီပှီဗိုလ်ချုပ်အောင်ဆန်း ရေမကူးတတ်တာ၊ စက်ဘီး မစီး တတ်တာကို အပြစ်မရှာခဲ့ပါဘူး။ဒါဟာ လူတစ်ယောက်ရဲ့အားနည်းချက်ပါ။ ဒါပေမယ့် သမိုင်းကိုဖျက်စေတဲ့ အားနည်းချက်မှ မဟုတ်တာ။
ဒီတော့ အခုရခိုင့်အရေးမှာ မောင်တောကိစ္စမှာ AA ၀င်မပါရကောင်းလားဆိုပြီး သူရိယနေ၀န်းအုပ်စုက အပြစ်တင်တယ်။ဒါကိုကြည့်လိုက်ရင် သူရိယနေ၀န်းအုပ်စုဟာ NCA သဘောသဘာဝကို လုံးဝနားမလည်ဘူး။။နားလည်ပေမယ့် ရူးချင် ယောင်ဆောင်နေတာလို့သာ ယူဆပါတယ်ဘာကြောင့်လဲ လက်ရှိမှာ အစိုးရနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ ၈ ဖွဲ့ထဲက လိုအပ်ရင် ဘယ်အဖွဲ့ကိုပဲ ဖြစ်ဖြစ် အစိုးရခေါ်ယူလို့ရပါတယ်။ အခု ၂၅ ရက်နေ့မဖြစ်ခင်၊ရခိုင်ပြည်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဖုန်းတင့်မတိုင်မီ၊ဗိုလ်မှုးကြီး ဦးထိန်လင်း လက်ထက်ကတည်းကNCA လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် ALA ဟာ မောင်တောခရိုင်မှာ နေရာချထားပေးဖို့တောင်းဆိုခဲ့ဖူးပါတယ။်
သူတို့လက်မခံလို့ပါ။
ဆိုလိုတာက အစိုးရဟာ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ကိုတောင် ယုံကြည်မှု အပြည့်အ၀မရှိလို့ လုံခြုံရေးမှာ အတူတကွ ပူးတွဲမဆောင်ရွက်ပဲ ငြိမ်းချမ်းရေး မ.ယူသေးတဲ့ AA နှင့် ဘယ်လိုမှ အတူတူ စစ်ဆင်ရေးလုပ်မှာ မဟုတ်ပါဘူး။
တစ်ဖက်ကလည်း ၀င်လုပ်လို့ရတာပဲဆိုရင် ဘယ်နေရာက ၀င်လုပ်မလဲ။ ကုလားတွေက ရုတ်တရက် ပြောက်ကျားစစ်ဆင်ရေးတွေ ထထလုပ်တာ။ လူကြားထဲကနေ ဖြစ်နေတာ။ သတ်မှတ် ပစ်မှတ်မရှိဘူး။ဒီတော့ AA ၀င်လာရင် မြန်မာ့တပ်မတော် လှည့်ကင်းနဲ့သာ ပိုပြီး ထိတွေ့မှုဖြစ်သွားမှာ သာဖြစ်တယ်။ ဗိုလ်လောင်းသင်တန်းကိုရောက်ဖူးပြီး လူ့အခွင့်အရေးတိုက်ပွဲ ၀င်ဖူးတဲ့ ကိုမိုးဟိန်းက အဲဒီလောက်တော့ နားလည်မှာပါ။
ရူ့းချင်ယောင်ဆောင်ပြီး ပေါ်ပင်လုပ်တာ လုပ်ပါ။
ပေါ်ပင်ဆိုတာ မလုပ်တတ်ရင် ဖင်ပေါ်တတ်ပါတယ်။
ကျော်လင်း(ရောင်စုံ)
၀၉၄၂၀ ၈၃၉ ၄၀၄
Sunday, September 10, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment