Sunday, September 10, 2017

သံဃာတော်တင်းပါ တုတ်ဖြင့်အသတ်ခံရ

09-09-2017 ခုနှစ် နေ့လည် 02:30 နာရီခန့်တွင် ဘားအံမြို့နယ် နတ်ကျွန်းကျေးရွာတွင် သံဃာတော် တစ်ပါးအား လူတစ်ဦးမှ တုတ်ဖြင့် ရိုက်နှက်သေဆုံး။

သေဆုံးသူမှာ ဘားအံမြို့နယ် နတ်ကျွန်းကျေးရွာအုပ်စု အောင်သာယာ ဘေးမဲ့တောရကျောင်း ဆရာတော် ဦးနန္ဒိယ သက်တော် (၇၆)နှစ် ဝါတော်(၂၄)ဝါ၊ လူအမည် ဦးတင်ရွှေ (ဘ)ဦးစံဝင်း ဖြစ်ပြီး အောင်သာယာ ဘေးမဲ့တောရကျောင်း၏ အဝင်လမ်းမပေါ်တွင် ဝဲဘက် မေးရိုး ပေါက်ပြဲဒဏ်ရာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် လက်ပြင်နှင့် ပုခုံး ညိုမဲဒဏ်ရာများ ရရှိပြီး ပျံလွန်တော်မူ (သေဆုံး)လျက်ရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ 09-09-2017 နံနက် (၉)နာရီ အချိန်တွင် ဦးထွန်းသောင်း (ဘ) ဦးလှအေးမှ ညီဖြစ်သူ ဦးမင်းမင်းနိုင် (ဘ) ဦးလှအေး ကရင်/ဗုဒ္ဓ သာယာကုန်းရွာနေသူ (စိတ်ကျန်းမာရေး မကောင်းသူ) အား ဆေးကုသရန် အတွက် တူဖြစ်သူ ကေကေ (ခ) ကေဇာလွင်နှင့် အတူ အောင်သာယာ ဘေးမဲ့တောရကျောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဆရာတော် ဦးနန္ဒိယထံ သွားရောက်လျောက်ထား ခဲ့ရာတွင်

ဆရာတော်မှ (၃)ရက်ခန့် ကုကြည့်မည် ဖြစ်ကြောင်း ပြောသဖြင့် ညီဖြစ်သူ မင်းမင်းနိုင်အား ဆရာတော်ထံ အပ်နှံထားပြီး၊ လူနာအား စောင့်ရန် ကေဇာလွင်အား ထားခဲ့၍ သာယာကုန်း ကျေးရွာရှိ နေအိမ်တွင် အဝတ်အစားများ ယူရန် ပြန်လာစဉ်

မင်းမင်းနိုင်မှာ စိတ်ဖောက်ပြီး ဆရာတော် နေထိုင်သည့် အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ရာ လူနာစောင့် ဖြစ်သူမှ တောင်းပန်သော်လည်း မရသဖြင့် ဆရာတော်သည် ကျောင်းပြူတင်းပေါက်မှ ခုန်ချပြီး ကျောင်းရှေ့သို့ ထွက်ပြေးခဲ့ကြောင်း၊ ကျောင်းရှေ့ လမ်းပေါ်တွင် ဆရာတော်နှင့် မင်းမင်းနိုင်တို့ လုံးထွေးနေကြောင်း တွေ့နေရပြီး၊

လူနာစောင့်မှာလည်း အနားမကပ်ရဲသဖြင့် ဘုန်းကြီးကျောင်းမှ အခြား သံဃာတော်များကို သွားရောက် ခေါ်ဆောင်ခဲ့ရာတွင် သေဆုံးနေသော ဆရာတော်၏ ရုပ်အလောင်းကိုသာ တွေ့ရှိရသဖြင့် အစ်ကို ဖြစ်သူ ဦးထွန်းသောင်းအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊

အစ်ကို ဖြစ်သူ ဦးထွန်းသောင်းမှ အောင်သာယာ ဘေးမဲ့တောရကျောင်းသို့ ရောက်ရှိလာပြီး ညီဖြစ်သူ မင်းမင်းနိုင်မှာ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ၊ ဒေါ်လန်းကျေးရွာတွင် တွေ့ရှိ့သဖြင့် ညနေ 04:30 အချိန်တွင် သာယာကုန်း ရဲကင်းသို့ လာရောက်အပ်နှံခဲ့ကြောင်း၊

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

Credit - ဘားအံသတင်း

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...