အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အဖွဲ့ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံ ရမှုကြောင့် သေဆုံးသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေ နှင့် ဆန်များပေးအပ်
စက်တင်ဘာ ၁၃၊၂၀၁၇
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေး ၀န်ကြီးဒေါက်တာချမ်းသာတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့ သို့ရောက်ရှိပြီး ARSA အစွန်း ရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ၏ မိသားစုဝင်များနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေနှင့် ဆန်များ ပေးအပ်သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မောင်တောခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွား သည့် မိသားစုဝင်များနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်ကာ အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး မောင်တောမြို့နယ် ကျီးကန်ပြင် အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်သို့ ရောက်ရှိပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကြောင့် အသက်စွန့်လွှတ်ခဲ့ရသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် လဝက ဝန်ထမ်း ၁ဦး စုစုပေါင်း ၁၂ ဦးတို့အတွက် တစ်ဦးလျှင် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၈ သိန်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိထောက်ပံ့ပစ္စည်းများ၊ အသက်စွန့်လွှတ်ခဲ့ရသည့်စစ်သည် ၂ ဦးနှင့်ပျောက်ဆုံးစစ်သည် ၁ ဦးတို့အတွက် တစ်ဦးလျှင် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၅၀၀၀၀ ၊ နယ်မြေ လုံခြုံရေးဆောင်ရွက်နေကြသည့် တပ်မတော်သားများ အတွက် ငွေ ကျပ်သိန်း ၂၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် မောင်တောဒေသ မြောက်ပိုင်းရှိ တိုင်းရင်းသားကျေးရွာများဖြစ်သည့် အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝပ်ချောင်း၊ လောင်းဒုံကျေးရွာများသို့ ရောက်ရှိပြီး နေရပ်စွန့်ခွာခြင်းမပြုပဲကျန်ရှိနေသည့် မိသားစုဝင်များအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment