ရပ်ထားသည့် ၂၂ ဘီးယာဉ်အား ခရီးသည်တင် မှန်လုံ Express ယာဉ်က
နောက်မှ ၀င်တိုက်မိ ခရီးသည်အချို့ ဒဏ်ရာရ
စက်တင်ဘာ-၁၀
ယနေ့နံနက် (၅း၀၀)နာရီအချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်ချို့ယွင်း၍ ရပ်တန့်ထားသည့် ၂၂ ဘီးကုန်တင်ယာဉ်အား Power 5 Express ခရီးသည်တင်မှန်လုံယာဉ်က နောက်မှဝင်တိုက်မိရာ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ခရီးသည်အချို့ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည် ။ ဒဏ်ရာရရှိသည့် ခရီးသည်များအား ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ပြီး၊ ဦးခေါင်းနှင့်မျက်လုံးထိခိုက်ဒဏ်ရာရရှိသူ ခရီးသည်အမျိုးသားတစ်ဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်အတွက် ဆက်လက်ပို့ဆောင်ထားကြောင်းသိရသည်။
Nay Aung Myo
Sunday, September 10, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment