Tuesday, September 12, 2017

တပ်ကုန်းမြို့မဈေးအတွင်း ရောင်းချနေသည့် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များကို FDA က ရှောင်တခင် ၀င်ရောက်စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၂။
ကြယ်စင်ခ (နေပြည်တော်)

တပ်ကုန်းမြို့မဈေးအတွင်း ရောင်းချနေသည့် စားသောက်ကုန်းများတွင် ဓါတုဆေးဝါးသုံးစွဲမှု ရှိမရှိကို အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန (FDA) မှ စက်တင်ဘာ ၁၂ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“မနက်ကတည်းက စစ်တာ ၈ မျိုးပြီးသွားပြီ အဲ ၈ မျိုးစလုံးမှာတော့ ဘာမှ မတွေ့ရပါဘူး။ အရင်အ ခေါက်တွေကထက် တဖြည်းဖြည်း ဓါတုဆေးဝါးသုံးစွဲမှု လျော့နည်းလာတာတော့ တွေ့ရတယ်။ ကျနော် တို့က ဟင်းသီးဟင်းရွက်ထဲမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိမရှိကို ချက်ချင်း စစ်ဆေးလို့ရပါတယ်။ မြေပဲစိမ်းမှာ မှိုပါလားဆိုတာကိုလဲ စစ်ဆေးပါမယ်”ဟု FDA က ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမှုများတွင် ဈေးအတွင်းရောင်းချနေသည့် ပဲပြား ပဲသွေး မုန့်တီမုန့်ဖက် ငပိ ကွမ်းသီး ဂျယ်လီ အပါအ၀င် စားသောက်ကုန်များ၌ ဓါတုဆိုးဆေးပါဝင်မှု ရှိမရှိကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တပ်ကုန်းမြို့မဈေးအတွင်းသို့ ၅ အကြိမ်အထိ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခု အကြိမ် စစ်ဆေးမှု၌ ကုန်ပစ္စည်းရောင်းချသူများမှလည်း ပါဝင်မှု မြင့်တက်လာခဲ့ကြောင်း FDA က ပြောသည်။

#CentralNewsMyanmar
#NaypyitawNews

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...