Wednesday, September 13, 2017

မြန်မာနိုင်ငံကို ပြစ်ဒဏ်ခတ်မယ်လို့ Al Qaeda အဖွဲ့ပြော
~~~~~~~~~~~
■ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေကို ထောက်ခံအားပေးဖို့ အစ္စလာမ္မစ် အကြမ်းဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ Al Qaeda အဖွဲ့က စက်တင်ဘာလ (၁၂) ရက်နေ့ မနေ့က ပန်ကြားလိုက်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ မကြာခင် ပြစ်ဒဏ်ခတ်တာ ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်။

မွတ်ဆလင်ညီအစ်ကိုတွေအပေါ် မြန်မာအစိုးရက ဆက်ဆံနေတာကို ခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ မြန်မာအစိုးရအနေနဲ့ မွတ်ဆလင် ညီအစ်ကိုတွေ ခံစားရသလို ခံစားရမှာဖြစ်ကြောင်း Al Qaeda အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားတယ်လို့ အကြမ်းဖက်အဖွဲ့အစည်း စောင့်ကြည့်ရေးအဖွဲ့ SITE က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက မွတ်ဆလင်တွေကို ကူညီဖို့အတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မွတ်ဆလင် ညီအစ်ကိုတွေအနေနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နိုင်ရေး သင်တန်းတွေအပါအဝင် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ကြဖို့လည်း ပန်ကြားထားတယ်လို့ သိရပါတယ်။

RFA မှသတင်း

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...