ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္
နိုင္ငံေတာ္သမၼတရံုး
အမိန္႔ေၾကာ္ျငာစာ
အမွတ္၊ ၇၅ /၂၀၁၇
၁၃၇၉ ခုနွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၇ ရက္
( ၂၀၁၇ ခုနွစ္၊ စက္တင္ဘာလ ၁၂ ရက္ )
ရခိုင္ျပည္နယ္ဆိုင္ရာအၾကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရးေကာ္မတီ ဖြဲ႔စည္းျခင္း
၁။ ေမာင္ေတာေဒသ စံုစမ္းစစ္ေဆးေရးေကာ္မရွင္၏ အစီရင္ခံစာနွင့္ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပး ေကာ္မရွင္တို႔၏ အျပီးသတ္အစီရင္ခံစာပါ အၾကံျပဳခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ရန္ အတြက္“ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရးေကာ္မတီ” ကို ေအာက္ပါ ပုဂၢိဳလ္မ်ားျဖင့္ ဖြဲ႔စည္းလိုက္သည္-
(က) ျပည္ေထာင္စုဝန္ၾကီး
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရး
ဝန္ၾကီးဌာန ဥကၠ႒
( ခ) ဝန္ၾကီးခ်ဳပ္
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ပူးတဲြဥကၠ႒
( ဂ) ဒုတိယဝန္ၾကီး
နိုင္ငံေတာ္အတိုင္ပင္ခံရံုးဝန္ၾကီးဌာန ဒုတိယဥကၠ႒
(ဃ) အျမဲတမ္းအတြင္းဝန္
ျပည္ထဲေရးဝန္ၾကီးဌာန အဖြဲ႔ဝင္
( င) အျမဲတမ္းအတြင္းဝန္
ျပန္ၾကားေရးဝန္ၾကီးဌာန အဖြဲ႔ဝင္
(စ) အျမဲတမ္းအတြင္းဝန္
သာသနာေရးနွင့္ ယဥ္ေက်းမႈဝန္ၾကီးဌာန အဖြဲ႔ဝင္
( ဆ) အျမဲတမ္းအတြင္းဝန္
စိုက္ပိ်ဳးေရး၊ ေမြးျမဴေရးနွင့္ဆည္ေျမာင္းဝန္ၾကီးဌာန အဖြဲ႔ဝင္
( ဇ) အျမဲတမ္းအတြင္းဝန္
ပို႔ေဆာင္ေရးနွင့္ဆက္သြယ္ေရးဝန္ၾကီးဌာန အဖြဲ႔ဝင္
(ဈ) အျမဲတမ္းအတြင္းဝန္
အလုပ္သမား၊လူဝင္မႈၾကီးၾကပ္ေရးနွင့္ျပည္သူ႔အင္အား
ဝန္ၾကီးဌာန အဖြဲ႔ဝင္
(ည) အျမဲတမ္းအတြင္းဝန္
ပညာေရးဝန္ၾကီးဌာန အဖြဲ႔ဝင္
( ဋ) အျမဲတမ္းအတြင္းဝန္
က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာန အဖြဲ႔ဝင္
( ဌ) အျမဲတမ္းအတြင္းဝန္
ေဆာက္လုပ္ေရးဝန္ၾကီးဌာန အဖြဲ႔ဝင္
( ဍ) ေခတၱညႊန္ၾကားေရးမွဴးခ်ဳပ္
စီမံေရးနွင့္ ဘ႑ာေရးဌာနၾကီး
နိုင္ငံေတာ္သမၼတရံုး အဖြဲ႔ဝင္
(ဎ) ဒုတိယဝန္ၾကီး
နယ္စပ္ေရးရာဝန္ၾကီးဌာန အတြင္းေရးမွဴး
(ဏ) အျမဲတမ္းအတြင္းဝန္
လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာခ်ထားေရး ဝန္ၾကီးဌာန တဲြဖက္အတြင္းေရးမွဴး
၂။ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရး ေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္-
(က) ေမာင္ေတာေဒသ စံုစမ္းစစ္ေဆးေရးေကာ္မရွင္နွင့္ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပး ေကာ္မရွင္တို႔၏ အၾကံျပဳခ်က္မ်ားနွင့္စပ္လ်ဉ္း၍ ေျမျပင္အေျခအေနေပၚ မူတည္ျပီး အကိ်ဳးရိွမည့္ ကိစၥရပ္မ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရမည္။
( ခ) တရားဥပေဒစိုးမိုးေရး၊ တည္ျငိမ္ေအးခ်မ္းေရးနွင့္ မတူကဲြျပားသည့္ လူမႈအသိုက္ အဝန္းမ်ားအၾကား စိတ္ေအးခ်မ္းသာစြာ အတူတကြ ေနထိုင္နိုင္ေရးတို႔အတြက္ ဦးတည္ ၾကိဳးပမ္း ေဆာင္ရြက္ရမည္။
( ဂ) ရခိုင္ျပည္နယ္အတြင္း လံုျခံဳေရး၊ စီးပြားေရး၊ လူမႈေရးဆိုင္ရာကိစၥရပ္မ်ား အလ်င္အျမန္ ဖံြ႔ျဖိဳးလာေစေရးအတြက္ မဟာဗ်ဴဟာ စီမံခ်က္ေရးဆဲြခ်မွတ္ျပီး ေဆာင္ရြက္ရမည္။
(ဃ) တိုင္းရင္းသားေက်းရြာမ်ား ေရရွည္ရပ္တည္နိုင္ေရးနွင့္ IDP စခန္းမ်ား ပိတ္သိမ္းေရးတို႔ အတြက္ ၾကိဳးပမ္းေဆာင္ရြက္ရမည္။
( င) ေဒသခံျပည္သူမ်ားသည္ အျခားေဒသမ်ားသို႔ ေရႊ႕ေျပာင္းထြက္ခြာသြားျခင္းကို ကာကြယ္ တားဆီးနိုင္ရန္အတြက္ အေျခခံအေဆာက္အအံုမ်ား ေပၚထြန္းလာေစေရးနွင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား တိုးတက္ ရရိွလာေစေရး သင့္ေလ်ာ္သည့္ မူဝါဒမ်ား ခ်မွတ္ ေဆာင္ရြက္ရမည္။
( စ) အၾကမ္းဖက္ တိုက္ခိုက္မႈပေပ်ာက္ေရးနွင့္ မူးယစ္ေဆးဝါးကင္းစင္ေရးနယ္ေျမ ျဖစ္လာ ေစရန္ ဦးစားေပး ေဆာင္ရြက္ရမည္။
(ဆ) ျပည္တြင္း/ျပည္ပအဖြဲ႔အစည္းမ်ားမွ ေပးအပ္သည့္ လူသားခ်င္းစာနာ ေထာက္ထားမႈ ဆိုင္ရာ အကူအညီမ်ား၊ ေထာက္ပံ့ပစၥည္းမ်ားကို နိုင္ငံေတာ္က ခ်မွတ္ေပးေသာ မူဝါဒနွင့္အညီ ခဲြေဝေပးေရး ၾကီးၾကပ္ရမည္။
(ဇ) ၁၉၈၂ ခုနွစ္ ျမန္မာနိုင္ငံသား ဥပေဒအရ နိုင္ငံသားအျဖစ္ အသိအမွတ္ျပဳသင့္သူမ်ားကို အသိအမွတ္ျပဳ၍ နိုင္ငံသားအခြင့္အေရး ရရိွေစေရး(National Verification Process) ကို အရိွန္အဟုန္ျဖင့္ အျမန္ဆံုး ေဆာင္ရြက္ေပးရမည္။
(ဈ) ရခိုင္ျပည္နယ္အတြင္းရိွ လူမႈအဖြဲ႔အစည္းမ်ားအား ၎တို႔၏ ကိုးကြယ္သည့္ ဘာသာ၊ လူမိ်ဳးနွင့္နိုင္ငံသား၊ က်ား/မဆိုင္ရာ ျဖစ္တည္မႈတို႔အေပၚ အေျခခံ၍ခဲြျခားမႈ မျပဳဘဲ တူညီေသာ ပညာသင္ၾကားခြင့္ ရရိွေရးနွင့္ က်န္းမာေရးေစာင့္ေရွာက္မႈေပးသည့္ လုပ္ငန္းမ်ား တိုးျမွင့္နိုင္ေရးတို႔ကို စီမံေဆာင္ရြက္ေပးရမည္။
(ည) ေကာ္မတီ၏ အေကာင္အထည္ေဖာ္မႈ အေျခအေနမ်ားအေပၚ တိုးတက္မႈ အစီရင္ခံစာကို ျပည္သူမ်ားသို႔ ေလးလတစ္ၾကိမ္ ထုတ္ျပန္တင္ျပရမည္။
၃။ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရး ေကာ္မတီရံုး ကို သီးျခားဖြင့္လွစ္ထားရိွရမည္။ ေကာ္မတီ၏ ကုန္က်စရိတ္အဝဝကို နိုင္ငံေတာ္သမၼတရံုး၏ ရန္ပံုေငြမွ က်ခံသံုးစဲြရမည္။
၄။ ေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ား ထမ္းေဆာင္စဥ္ လိုအပ္ေသာ လံုျခံဳေရးနွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို နိုင္ငံေတာ္သမၼတရံုးနွင့္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔တို႔က ျဖည့္ဆည္း ေဆာင္ရြက္ေပးရမည္။
၅။ ရခိုင္ျပည္နယ္ဆိုင္ရာ ေကာ္မရွင္မ်ား၏ အၾကံျပဳခ်က္မ်ားနွင့္စပ္လ်ဉ္း၍ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာတြင္ ေျမျပင္အေျခအေနေပၚ မူတည္၍ အကိ်ဳးရိွစြာ ထိထိေရာက္ေရာက္ ေဖာ္ေဆာင္နိုင္ေရး အတြက္ လိုအပ္သည့္ အၾကံဉာဏ္မ်ား ရယူနိုင္ရန္ အၾကံေပးအဖြဲ႔ကို ျပည္တြင္းျပည္ပမွ ပညာရွင္မ်ား၊ ဘာသာရပ္ဆိုင္ရာ ကြ်မ္းက်င္သူမ်ား၊ အေတြ႔အၾကံဳရိွသူမ်ားနွင့္ ဖြဲ႔စည္းသြားမည္ျဖစ္ျပီး ဖြဲ႔စည္းသည့္ အမိန္႔အား သီးျခားထုတ္ျပန္သြားမည္ျဖစ္သည္။
(ပံု) ထင္ေက်ာ္
နိုင္ငံေတာ္သမၼတ
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္
Zawgyi Version
--------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၇၅ /၂၀၁၇
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်
( ၂၀၁၇ ခုနှစ်၊စက်တင်ဘာလ ၁၂ ရက် )
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း
၁။ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ”ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန
( ခ) ဝန်ကြီးချုပ် ပူးတွဲဥက္ကဋ္ဌ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
( ဂ) ဒုတိယဝန်ကြီး ဒုတိယဥက္ကဋ္ဌ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
(ဃ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ပြည်ထဲရေးဝန်ကြီးဌာန
( င) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ပြန်ကြားရေးဝန်ကြီးဌာန
(စ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
( ဆ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
( ဇ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
( ဈ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန
(ည) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ပညာရေးဝန်ကြီးဌာန
( ဋ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
( ဌ) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင်
ဆောက်လုပ်ရေးဝန်ကြီးဌာန
( ဍ) ခေတ္တညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
နိုင်ငံတော်သမ္မတရုံး
( ဎ) ဒုတိယဝန်ကြီး အတွင်းရေးမှူး
နယ်စပ်ရေးရာဝန်ကြီးဌာန
(ဏ) အမြဲတမ်းအတွင်းဝန် တွဲဖက်အတွင်းရေးမှူး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန
၂။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ မြေပြင် အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမည့်ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
( ခ) တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှု အသိုက်အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေးတို့အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ရမည်။
( ဂ) ရခိုင်ပြည်နယ်အတွင်းလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာစီမံချက် ရေးဆွဲ ချမှတ်ပြီး ဆောင်ရွက်ရမည်။
( ဃ) တိုင်းရင်းသား ကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
( င) ဒေသခံပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်း ထွက်ခွာ သွားခြင်းကို ကာကွယ်တားဆီးနိုင်ရန်အတွက် အခြေခံ အဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရေး သင့်လျော်သည့် မူဝါဒများချမှတ် ဆောင်ရွက်ရမည်။
( စ) အကြမ်းဖက်တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေး နယ်မြေဖြစ် လာစေရန် ဦးစားပေးဆောင်ရွက်ရမည်။
(ဆ) ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှပေးအပ်သည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ်ပေးသောမူဝါဒနှင့်အညီ ခွဲဝေပေးရေးကြီးကြပ်ရမည်။
(ဇ) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေး ရရှိစေရေး (National Verification Process) ကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရမည်။
(ဈ) ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ကိုးကွယ်သည့် ဘာသာ၊လူမျိုးနှင့်နိုင်ငံသား၊ ကျား/မဆိုင်ရာ ဖြစ်တည်မှုတို့အပေါ်အခြေခံ၍ ခွဲခြားမှုမပြုဘဲတူညီသောပညာသင်ကြားခွင့်ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့ကို စီမံ ဆောင်ရွက် ပေးရမည်။
(ည) ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှု အစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်။
၃။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရုံးကို သီးခြားဖွင့်လှစ်ထားရှိရမည်။ ကော်မတီ၏ကုန်ကျစရိတ်အဝဝကို နိုင်ငံတော် သမ္မတရုံး၏ ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၄။ ကော်မတီ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်စဉ် လိုအပ်သော လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်။
၅။ ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းသည့်အမိန့်အား သီးခြားထုတ်ပြန် သွားမည်ဖြစ်သည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Unicode Version
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ေဒၚေအာင္ဆန္းစုၾကည္၏ ေျပာင္ေျမာက္လွသည့္စကားတစ္ခြန္းေၾကာင့္ BBC သတင္းဌာနမွ အလြန္ေပါက္ကြဲ” Saing Pyin Gyi | September 13, 2017 | ျပည္တြင္းသတ...
-
# အေပါင္းအသင္းဆန္႔တဲ့ သူေဌး ( သို႔မဟုတ္ ) ဦးေဇာ္ေဇာ္ - ဦးေဇာ္ေဇာ္ဆိုလိုက္တာန႔ဲ ေျပးျမင္ၾကမွာက ဧရာ၀တီဘဏ္နဲ႔ ျမန္မာ့ေဘာလံုးေလာကပါ။ သူ...
-
ျမန္မာ့တပ္မေတာ္ ေရ. နဲ႔. ဘဂၤလားေဒ့႐ွ္ေရတပ္ အင္အားႏိႈင္းယွဥ္ခ်က္ ၂၀၀၈ ခုႏွစ္ျမန္မာနဲ႔ ဘဂၤလား ေရပိုင္နက္အျငင္းပြားမႈျ...
-
အရက္မူးေနတ့ဲ ယာဥ္ေနာက္ လိုက္ ေမာင္းလာသည့္ ေရႊထား ဝယ္ ရန္ကုန္- ေရတာရွည္ ခရီးမပါတ့ဲယာဥ္ ေရတာရွည္ၿမိဳ႕နယ္ ေတာင္နန္ခ်ြန္ေက်းရြာ ေဒၚျမဝင္း ထမင္း ...
No comments:
Post a Comment