Tuesday, September 12, 2017

တောင်ဒဂုံ မျိုးချစ်များဖမ်းတဲ့ပွဲ
=====================


တောင်ဒဂုံမြို့နယ် (၅၄)ရပ်ကွက် ဇွဲကပင်လမ်း နှင့် စစ်တောင်းလမ်းထောင့်တွင် စက်ရုံဖယ်ရီကားမှဆင်းလာသော မိန်းကလေးတစ်ယောက်အား "ထမိန်လိုက်ချွတ်နေပါပြီ ကယ်ပါအုံး" ဟု အော်ဟစ်အကူအညီတောင်းသံကို ကြားရသဖြင့် ကိုသီဟ(တောင်ဒဂုံအမျိုးသားရေး)အဖွဲ့ မှလိုက်လံဖမ်းဆီးရာ တရားခံနှစ်ဦးအနက် နေလင်းအောင်(ခ)အရဖီး(၂၄)နှစ် (ဖ)ဦးကွက်မား ဆိုသူ တစ်ဦးအားဖမ်းဆီးရမိပါသည်။

ကိုသီဟ နှင့်အဖွဲ့မှ မင်းဘယ်ကလဲဟု မေးမြန်းရာ "ကျွန်တော် (၁၂၄)လမ်းက အဲ ဟုတ်ဘူး လမ်း(၃၀)ပန်းပဲတန်းက ကြည်မြင်တိုင်လေ" ဟုဖြေဆိုပြီး "ကျွန်တော့်ကို သတ်လိုက်ပါ "ဟု ပြောဆိုခဲ့ပါသည်။

ကိုသီဟနှင့်အဖွဲ့မှ ရဲစခန်းသို့ခေါ်ဆောင်လာပြီး တောင်ဒဂုံရဲစခန်းသို့ အပ်လိုက်ပါသည်။

ရဲစခန်းမှ ဆက်လက်စစ်ဆေးနေပါသည်။
ခရက်ဒစ်
စည်သူမြင့်
၁၃-၉-၂၀၁၇(ဗုဒ္ဓဟူးနေ့)
ည (၁၂နာရီ ၃၀မီနစ်)

No comments:

Post a Comment

“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC  သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...