ဝေဠုကျော် ဖောင်ဒေးရှင်း သွားမည်။
(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)
ချောင်းရေနှင့်အတူ လူနှစ်ဦး ပျောက်ဆုံး၊ နေအိမ် ၂၀ ကျော်မျောပါ
-----------------------------------------------------
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ကျောက်ဖြူ၊ လိပ်ကျ၊ ကမ်းပါးနီနှင့် ရေထွက်ကျေးရွာတို့တွင် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲခန့်က တောင်ကျချောင်းရေကျ၍ နေအိမ် ၂၀ ကျော်နှင့် လူနှစ်ဦး မျောပါပျောက်ဆုံးနေကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။
“ချောင်းရေက တစ်ရှိန်ထိုးကြလာပြီး နေအိမ်တွေ အလုံးလိုက် မျောပါကုန်တာ။ ရေထွက်ကျေးရွာ မျောပါတဲ့ နေအိမ်တွေမှာ လူအသေပျောက် မရှိပေမယ့် လက်ပံပြန့်ကျေးရွာ ရွှေကုမ္ပဏီမှာ အင်းဆင်းနေကြတဲ့ လူနှစ်ယောက်ကတော့ ပျောက်ဆုံးနေတယ်” ဟု ရေထွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ လူနှစ်ဦးနှင့် ရေထွက်ကျေးရွာ၊ ကျောက်ဖြူကျေးရွာတို့တွင် လူနေအိမ် ၂၂ လုံးကျော် မျောပါသွားပြီး နေအိမ် ၆၃ လုံး ပျက်စီးခဲ့ကြောင်း၊ လိပ်ကျကျေးရွာနှင့် ကမ်းပါးနီကျေးရွာတွင် ပျက်စီးမှုစာရင်းကို ကောက်ယူနေကြောင်း ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းက ရှင်းပြသည်။
အထက်ပါရွာများသို့ ကျမတို့ #ဝေဠုကျော်ဖောင်ဒေးရှင်းမှ
ကူညီထောက်ပံ့ရေး သွားမည်ဖြစ်သောကြောင့် နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။
09-455500010
09-455500014
09-73034764
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
အံဖွယ် သုတ အံဖွယ် ဥပဒေ အံဖွယ် VIP လူကြီးများ နှင့် ပြောတဲ့စကားလုံးတွေက အံမခန်းဖွယ်ရာ မှတ်သားစရာ ကဗျဉ်းထိုးလောက်ပါတယ်ဗျာ **************...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
No comments:
Post a Comment