အာရပ်ကမ္ဘာ(မွတ်ဆလင်)နိုင်ငံတွေရဲ့ဘုံရန်သူအဖြစ်
မကြာခဏစစ်တိုက်ခံခဲ့ရတဲ့အစ္စရေးနိုင်ငံဟာ ကမ္ဘာ့
မြေပုံပေါ်ကသူတို့နိုင်ငံကွယ်ပျောက်မသွားရလေ
အောင်ရုန်းကန်ရင်ဆိုင်ခဲ့ရင်းကမ္ဘာပေါ်မှာနျူကလီယာ
လက်နက်ကို၆နိုင်ငံမြောက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာ
ခဲ့ပါတယ်။
အစ္စရေးရဲ့ပထမဆုံးဝန်ကြီးချုပ်ဒေးဗစ်ဘင်ဂူရီယန်ဟာ၁၉၄၈မှာအာဏာရလာပြီးနျူကလီယာပရိုဂရမ်ကို
စတင်ခဲ့ပါတယ်၊သူဟာဒီမိုနာသဲကန္တာရထဲမှာ
နီဂဗ်နျူကလီယာသုတေသနစင်တာကိုတည်
ထောင်ခဲ့ပါတယ်၊
သူ့ရဲ့တပည့်ကာကွယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူး
ချုပ်ဖြစ်တဲ့ရှီမွန်ပီရက်ဟာလဲနျူကလီယာလုပ်ငန်းစဉ်မှာအရေးပါသူဖြစ်ခဲ့ပါတယ်။
ရှီမွန်ပဲရက်စ်ဟာနောင်အချိန်မှာအစ္စရေးဝန်ကြီးချုပ်
အဖြစ်၂ကြိမ်တိုင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အစ္စရေးနိုင်ငံရဲ့နျူကလီယာဖခင်ကြီးကတော့
့ဒေးဗစ်ဘာ့က်မန်း(၁၉၀၃-၁၉၇၅)ဖြစ်ပါတယ်၊
သူဟာဂျာမန်နိုင်ငံမှာမွေးဖွားတဲ့အစ္စရေးလူမျိုးဖြစ်ပါ
တယ်၊ဂျာမနီနိုင်ငံဘာလင်တက္ကသိုလ်မှာနျူကလီယာဓာတုဗေဒကိုပါရဂူမြောက်တတ်ကျွမ်းခဲ့လို့Ph.Dဘွဲ့ရ
ခဲ့သူပါ၊ဒေးဗစ်ဘာ့က်မန်းဟာအစ္စရေးနိုင်ငံနျူကလီယာလက်နက်ထုတ်လုပ်နိုင်အောင်အဓိကစွမ်းဆောင်ခဲ့တဲ့ပညာရှင်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။
အစ္စရေးဟာ၁၉၆၃မှာမြေအောက်နျူကလီယာဗုံးကိုစမ်းသတ်ဖောက်ခွဲခဲ့ပြီး၊၁၉၆၇မှာတော့နျူကလီယာလက်
နက်ပိုင်ဆိုင်ကြောင်းအတည်ပြုခဲ့ပါတယ်။
၁၉၈၆ခုနှစ်ဝန်ကြီးချုပ်ရှီမွန်ပီရက်လက်ထက်မှာ
နျူကလီယာဒုံးကျည်နည်းပညာတိုးတက်ရေးအတွက်
ကြိုးစားလာခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ အစ္စရေးမော့ဆက်ထောက်လှမ်းရေး
အေးဂျင့်တယောက်ဖြစ်တဲ့လူငယ်နျူကလီယာ
ပညာရှင်မော်ဒီချိုင်ဗာနူနူဟာအစ္စရေးနိုင်ငံအတွက်
နျူကလီယာဒုံးကျည်တွေကိုထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါအစ္စရေးတို့ဟာဟိုက်ဒြိုဂျင်ဗုံးပိုင်ဆိုင်ကြောင်းအတည်မပြုနိုင်သေးပေမယ့်နျူကလီယာလက်နက်
်၄၀၀ခန့်ပိုင်ဆိုင်ထားပြီလို့ယူဆရပါတယ်။
အစ္စရေး တို့ဟာနျူကလီယာလက်နက်တပ်ဆင်ထား
တဲ့Jericho-3တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ
စမ်းသတ်နိုင်ခဲ့ပြီး၂၀၁၁ကတည်းကတပ်တော်
ဝင်ခဲ့ပြီဖြစ်ပါတယ်။
အစ္စရေး နိုင်ငံဟါစတုရန်းမိုင်၈၅၀၀ကျော်သာ
ကျယ်ဝန်းပြီးလူဦးရေ ၉သန်းခန့်သာရှိပေမယ့်
အင်အားတောင့်တင်းလှတဲ့အာရတ်မွတ်ဆလင်
ကမ္ဘာကို နျူကလီယာလက်နက်ပိုင်ဆိုင်မှုနဲ့အတူ
ခပ်တင်းတင်းသာ ဆက်ဆံလျက်ရှိနေဆဲဖြစ်ပါတယ်။
Credit
Tuesday, September 12, 2017
Subscribe to:
Post Comments (Atom)
“ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသည့်စကားတစ်ခွန်းကြောင့် BBC သတင်းဌာနမှ အလွန်ပေါက်ကွဲ” Saing Pyin Gyi | September 13, 2017 | ပြည်တွင်းသတ...
-
# အပေါင်းအသင်းဆန့်တဲ့ သူဌေး ( သို့မဟုတ် ) ဦးဇော်ဇော် - ဦးဇော်ဇော်ဆိုလိုက်တာနဲ့ ပြေးမြင်ကြမှာက ဧရာဝတီဘဏ်နဲ့ မြန်မာ့ဘောလုံးလောကပါ။ သူ...
-
မြန်မာ့တပ်မတော် ရေ. နဲ့. ဘင်္ဂလားဒေ့ရှ်ရေတပ် အင်အားနှိုင်းယှဉ်ချက် ၂၀၀၈ ခုနှစ်မြန်မာနဲ့ ဘင်္ဂလား ရေပိုင်နက်အငြင်းပွားမြှု...
-
အရက်မူးနေတဲ့ ယာဉ်နောက် လိုက် မောင်းလာသည့် ရွှေထား ဝယ် ရန်ကုန်- ရေတာရှည် ခရီးမပါတဲ့ယာဉ် ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာ ဒေါ်မြဝင်း ထမင်း ...
No comments:
Post a Comment